ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဂိုးကံခေနေခဲ့တာပါ။

ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် မိုက်ကယ် ကားရစ်ကပဲ နောက်ထပ်တစ်ကြိမ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်ကတော့ ကြာသပတေးနေ့မှ အလုပ်လုပ်ခွင့် ပါမစ်ရခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ကိုင်တွယ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာ ဧည့်သည် မြောက်လန်ဒန်ကလပ်အသင်းက အငြင်းပွားဖွယ် ဦးဆောင်ဂိုး စတင်သွင်းယူသွားခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၃ မိနစ်မှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာနဲ့ ဖရက်ဒ်တို့ ထိခိုက်မိခဲ့ပြီးနောက် စပိန်ဂိုးသမား လဲကျနေချိန်မှာ စမစ် ရိုးက ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးခါနီးမှာ ဘရူနို ဖာနန်ဒက်စ်က ဖရက်ဒ်ရဲ့ ပေးပို့မှုကနေတဆင့် အိမ်ရှင်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီးနောက် ယူနိုက်တက်တို့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမားဘဝ ဂိုး ၈၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး ဒုတိယပိုင်း ၅၂ မိနစ်မှာ အဲဒီသွင်းဂိုးကို မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပါရမီဖြည့်မှုနဲ့အတူ သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် မာတင် အိုဒီဂွါဒ်က ချက်ချင်း ပြန်လည် ချေပသွားခဲ့ပြီး ရော်နယ်လ်ဒိုက ယူနိုက်တက်အတွက် အရေးတကြီးလိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ပင်နယ်တီကနေ တဆင့် ဂိုးအဖြစ်ပြောင်းလဲ ရယူသွားပြီးတဲ့နောက်မှာတော့ အာဆင်နယ်တို့ ပြန်လည် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ဘဲ ၃-၂ နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ညနေမှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်က အဲဒီပွဲစဉ်မှာတော့ စတင် တာဝန်ယူကိုင်သွယ်သွားတော့မှာဖြစ်ပါတယ်။

Share

က္က