ယူနိုက်တက်ရဲ့ သရေပွဲအပေါ် ရော်နယ်ဒိုလည်း မကျေနပ်နိုင်ခဲ့ပါဘူး။

ယူနိုက်တက်နဲ့အဲဗာတန်တို့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အသင်းရဲ့ရလဒ်ပိုင်းနဲ့ ခြေစွမ်းအပေါ် ရော်နယ်ဒို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။



ယူနိုက်တက်ဟာ ပထမပိုင်းမှာ မာစီရယ်လ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အဲဗာတန် ကစားသမား တောင်းဆန့်ရဲ့ချေပဂိုးကြောင့် အိမ်ကွင်းမှာ အမှတ်ဆုံးရှုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း ယူနိုက်တက်တို့ အိမ်ကွင်းမှာ ရှုံးခဲ့သေးတာကြောင့် ဒါဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် အိမ်ကွင်း (၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။


ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမား စာရင်းမှာ မပါဝင်ခဲ့ဘဲ ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့တာပါ။ ရော်နယ်ဒို လူစားဝင်လာပြီး မကြာခင်မှာပဲ ယူနိုက်တက်တို့ ချေပဂိုးပေးခဲ့ရသလို ပွဲကစားချိန် နောက်ပိုင်းမိနစ်တွေမှာလည်း ယူနိုက်တက်တို့ အနိုင်ဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

အဲ့ဒါကြောင့် ပွဲအပြီးမှာတော့ ရော်နယ်ဒို စိတ်ပျက်လက်ပျက်နဲ့ ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုက ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ ခေါင်းတယမ်းယမ်းနဲ့ ဒေါသထွက်ရင်း ကွင်းထဲက ထွက်ခွာသွားခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ပတ်သက်လို့လည်း ဖာဒီနန်က နားလည်ပေးနိုင်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါသေးတယ်။

ဖာဒီနန်က “ရော်နယ်ဒိုက ဒီပွဲရလဒ်ကို စိတ်ပျက်ခဲ့မှာပါ။ သူက (၅) ဂိုးသွင်းထားပြီး ဒီပွဲမှာလည်း ဒီအနေအထားကို ဆက်ထိန်းချင်၊ အသင်းကိုလည်း နိုင်ပွဲရစေချင်ပါလိမ့်မယ်။ သူ စိတ်ပျက်ရတာကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်”

“အသင်းရဲ့ ကစားသမားအင်အားက ယူနိုက်တက်အတွက် ဒီပွဲကိုနိုင်ဖို့ လုံလောက်ပါတယ်။ အဲဗာတန်မှာ ဦးစားပေး တိုက်စစ်မှူးတွေ မပါခဲ့ပါဘူး။ (၉) ပွဲဆက်တိုက် ဂိုးတွေပေးရတာ ယူနိုက်တက်အတွက် ဆိုးရွားတဲ့မှတ်တမ်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က