အနုပညာကြွယ်ပွင့် တစ်ပွင့် ကြွေလွင့်ရပြန်ပြီ။

ကင်ဆာရောဂါ ဝေဒသနာကို ခံစားနေရတဲ့ သရုပ်ဆောင် ကေကေမိုးမြင့်ဟာ ဒီနေ့(ဖေဖော်ဝါရီ ၇ရက်) ည ၉း၂၅ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အနုပညာ အသိုင်းဝိုင်းက သိရပါတယ်။ သူမဟာ သားဥအိမ် ကင်ဆာရောဂါ ဝေဒနာကို နှစ်အတော်ကြာ ခံစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။

ကေကေမိုးမြင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အနုပညာ မောင်နှမတွေသာမက သူမရဲ့ ပရိသတ်တွေအားလုံးအတွက် ဝမ်းနည်းစရာ သတင်းတစ်ခုလည်း ဖြစ်လို့နေပါတယ်။

Photo : ကေကေမိုးမြင့် FB


ကေကေမိုးမြင့်ဟာ ပိန်ဆေးတွေ ကြောင့် ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရတယ်လို့လည်း မီဒီယာ အင်တာဗျူးများမှာ ဖြေဆိုခဲ့ဖူးပါတယ်။အခုတော့ သူမချစ်တဲ့ မိသားစုနဲ့သူမချစ်တဲ့ အနုပညာလောကကြီးကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။

သရုပ်ဆောင် ကေကေမိုးမြင့်ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဇန်နဝါရီ(၉) ရက်နေ့ နေ့လည်ပိုင်းတွင် ရေဝေးသုဿန်မှာ ဂူသွင်းသဂြိုလ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကေကေမိုးမြင့် သေဆုံးချိန်မှာ အသက်(၄၀) ရှိလို့နေခဲ့ပါပြီ။


Photo : ကေကေမိုးမြင့် FB

ဇာတ်ကားပေါင်း မြောက်များစွာ ရိုက်ကူးခဲ့တဲ့ သူမဟာ ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရပြီး ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ဝေးကွာခဲ့ရသူပါ။ ကာလအတော်ကြာ ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ထုတ်ခဲ့ပြီး ပရိသတ်တွေ ရှေ့ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေရင်း အနုပညာလောကကြီးနဲ့ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာ သွားခဲ့ရတာ ဖြစ်ပါတယ်။

ကေကေမိုးမြင့်ဟာ အနုပညာလောကထဲကို Photo Model အဖြစ် စတင်ဝင်ရောက်လာခဲ့ပြီး ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လာရင်း အနုပညာလောကထဲမှာ နေရာတစ်နေရာ ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာရှင် တစ်ယောက် ဖြစ်သလို ဥပဒေအရာရှိမလေး တစ်ယောက်အဖြစ် ဘဝကို ရပ်တည်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က