အသက်၈၉နှစ်မှာကွယ်လွန်သွားတာပါ။

အသက် ၈၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ရဲမြညွန့်ဟာ ယနေ့ အောက်တိုဘာ ၃ ရက်နေ့မှာ နှလုံးဖောက်ကာ ကွယ်လွန်သွားခဲ့ကြောင်း သရုပ်ဆောင်ရဲမြညွန့်ရဲ့ သမီးဖြစ်သူ မနီလာက Duwun ကို ဖြေကြားခဲ့ပါတယ်။

 " အဖေက မနက်တုန်းက ဆီးသွားချင်တယ်ဆိုပြီး သွားရင်းက အမောဖောက်သွားတယ်။ နေအိမ်မှာပဲဆုံးသွားတာပါ။ အဖေက စားနိုင်ပေမယ့် လမ်းမလျှောက်နိုင်ဘူး။ ခြေထောက်က အနာနဲ့ဆိုတော့ နှစ်ဖက်စလုံးက ယောင်သွားတယ်။ ဆရာဝန်ကို ခြေထောက်ဖြတ်ချင်လို့ တိုင်ပင်ပေမယ့် အသက်က ၉၀ နားကပ်နေတာမို့လို့ မလုပ်ပေးချင်ဘူးလို့ ပြောတယ်။ မေ့ဆေး၊ ထုံဆေးတွေပေးရင် ဆေးပတ်မလည်တာတွေရှိတော့ သူတို့မှာပြဿနာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ သူအသက်အရွယ်ကလည်းကြီးနေပြီဆိုတော့ အမောဒဏ်ကိုမခံနိုင်တော့တာပါ" ဆိုပြီး သမီးဖြစ်သူမနီလာက ပြောပြခဲ့ပါတယ်။ 


Photo Credit

သရုပ်ဆောင်ရဲမြညွန့်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို အောက်တိုဘာလ ၅ ရက်နေ ရေဝေးသုသာန်မှာနေ့လယ် ၁၂ နာရီာ မီးသင်္ဂြိုလ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လိုက်ပါပို့ဆောင်ချင်သူတွေအတွက် ရန်ကင်းဂွတလစ်ဈေးကွေ့ ဗဟိုလမ်းနေအိမ်မှာ ကားများစီစဥ်ထားတယ်လို့ သမီးဖြစ်သူက ပြောပြပါတယ်။

Photo Credit

သရုပ်ဆောင် ရဲမြညွန့်ကွယ်လွန်ချိန်မှာတော့ အသက်၈၉နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သမီးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။ 

သရုပ်ဆောင် ရဲမြညွန့်ကတော့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာတို့မှာ ရဲတပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ သရုပ်ဆောင်ခဲ့ပြီး ရဲဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများငှားရမ်းခြင်းလုပ်ငန်းရှိသလို ရိုက်ကူးရေးအတွက် အသုံးပြုတဲ့ တရားဥပဒေရုံး နှစ်ရုံးကိုလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ပြီး နာမကျန်းချိန်မှာတော့ သမီးဖြစ်သူက ဖခင်ရဲ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က