‘’သတိ အန္တရာယ် ရှိသည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံပေါ်မှာ ဆက်လက်ပြသခွင့်မရအောင် ဆင်ဆာရုံးမှာ အတိုင်ခံထားရတယ်လို့ ယုန်လေးက ရင်ဖွင့် ပြောပြလာပါတယ်။
Photo: Yone Lay
ယုန်လေးက လက်ရှိ သူကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတဲ့ ‘’သတိအန္တရာယ်ရှိသည်’’ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဆင်ဆာအဖွဲ့မှာ အတိုင်ခံထားရတယ်လို့ဆိုပါတယ်။ ရုံပေါ်မှာ ဆက်ပြခွင့်မရအောင် တိုင်ထားတာလို့လည်း ရင်ဖွင့်ခဲ့ပါသေးတယ်။
‘’သြော် လူတွေ လူတွေ။ သတိ အန္တရာယ်ရှိသည် ကို ဝိုင်းဝန်းရံကျလို့ ပျော်လို့တောင် မဝသေးဘူး။ မနေ့က ဆင်ဆာ ရုံးကလူကြီးခေါ်လို့ ခရီး ရောက်ရာက်ချင်းပြေးလိုက်ရတယ် ။ အကုန်လုံးလည်း ဖျက်ထားပါတယ်ပေါ့ ။ ဆင်ဆာလူကြီး တွေက ကျွန်တော်ဘက်မှာ ရှိပေးပါတယ် ။ အပြင်က ကျွန်တော်တို့ရုပ်ရှင်ကို အရေးယူခိုင်းပြီး ဒုတိယအပတ်ဆက်ပြလို့မရအောင် ရည်ရွယ်ပြီးတိုင်တာပါ။ တော်တော်အကုသိုလ်များတဲ့ အလုပ်ဗျာ။ တိုင်ထားတဲ့ လူတွေရဲ့ နာမည် ဖုန်းနံပတ်ပါ ပြီးရင် Video နဲ့ တင်ပေးလိုက်ပါမယ် ခင်ဗျာ။ ခဏလေးစောင့် သူတို့က အဖွဲ့ရှိတယ်လည်းပြောပါတယ်။ တကယ်စိတ်တွေလည်း လေပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
Photo: Yone Lay
သတိအန္တရာယ်ရှိသည် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် မြင့်မြတ်၊ ယုန်လေး၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း၊ Kညီ နဲ့ ခင်ဝင့်ဝါ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားဟာ အက်ရှင်ဇာတ်ကားကိုမှ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်း တစ်ကားဖြစ်မှာပါ။
Photo: Yone Lay
ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။