ဟိုတယ်အခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

ဗီဒီယိုမျှဝေတဲ့ TikTok အက်ပလီကေးရှင်းမှာ လွှင့်တင်ရန်အတွက် အိမ်လုပ်သေနတ်တစ်လက်နဲ့အတူ ဗီဒီယိုရိုက်နေစဉ် အိန္ဒိယဆယ်ကျော်သက်တစ်ဦး မတော်တဆပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့ (ဇွန် ၁၃ ရက်) မှာ ပြောပါတယ်။

(Photo: Variety/Courtesy of Bytedance)

သေဆုံးခဲ့သူ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးဟာ အသက် ၁၁ နှစ်အရွယ် ညီအစ်ကိုဝမ်းကွဲ အပါအဝင် ၎င်းရဲ့မိသားစုဝင်လေးဦးနဲ့အတူ အိန္ဒိယအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဟိုတယ်အခန်းတစ်ခုမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ၎င်းတို့အနက်မှ တစ်ဦးက မတော်တဆ ပစ်ခတ်ခဲ့မိတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။



"နှစ်ယောက်ကို ဖမ်းမိထားပြီး သူတို့ကို လူသတ်မှုနဲ့ လူသတ်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ထားပါတယ်၊ နောက် နှစ်ယောက်ကတော့ ထွက်ပြေးနေပါတယ်" လို့ ရဲအရာရှိ Anil Katke က AFP ကို ပြောပါတယ်။ ယခု အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(Photo: Alamy)

မတော်တဆ ပစ်ခတ်မှုဖြစ်ပြီးနောက် ၎င်းတို့လေးဦးက တုန်လှုပ်ခြောက်ခြားနေခဲ့ကြပြီး ထွက်မပြေးခင်မှာ ဟိုတယ်ဝန်ထမ်းတွေကို ပစ္စတိုသေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။ အိန္ဒိယမှာ ယခုနှစ်ဧပြီလအတွင်း TikTok ကို ပိတ်ပင်ခဲ့ပေမဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီးနောက် ပြန်လည် အသုံးပြုခွင့်ပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယလွှတ်တော်အမတ် အများအပြားက TikTok အက်ပလီကေးရှင်းဟာ ညစ်ညမ်းတဲ့အကြောင်းအရာတွေနဲ့ ယဉ်ကျေးမှုကိုထိခိုက်စေရန် အားပေးနေကြောင်း ဝေဖန်ထားကြပါတယ်။ သို့သော် TikTok ဟာ အိန္ဒိယမှာ လူကြိုက်များတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး လူဦးရေ သန်း ၃၀၀ ခန့်က အသုံးပြုနေကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က