iOS ကနေ ဝင်ငွေအများဆုံး ရနေတာပါ။

၂၀၂၀ ပထမသုံးလပတ်အတွင်း TikTok ကို ဒေါင်းလုပ်ဆွဲမှုအရေအတွက်ဟာ ၃၁၅ သန်းနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး Startup တွေထဲက တစ်ခုဖြစ်တဲ့ ByteDance ပိုင် TikTok ရုပ်သံမျှဝေရေး app ကို Google Play Store နဲ့ Apple App Store တို့ကနေ ဒေါင်းလုပ်ဆွဲသူဦးရေဟာ သန်း ၂၀၀၀ ကျော် ရှိလာပြီ ဖြစ်တယ်လို့ Sensor Tower ရဲ့ အချက်အလက်တွေက ဆိုပါတယ်။ အိန္ဒိယ ၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေဟာ TikTok ဒေါင်းလုပ်ဆွဲမှုအများဆုံး နိုင်ငံတွေ ဖြစ်တယ်လို့လည်း Sensor Tower က ထုတ်ပြန်ပါတယ်။



Photo: Tech Crunch


တရုတ်ပြည်မှာ Douyin လို့ခေါ်ပြီး နိုင်ငံတကာမှာ TikTok လို့ လူသိများတဲ့ ဒီ App ဒေါင်းလုပ်ဆွဲတဲ့ ပမာဏကို တွက်ချက်ရာမှာ တရုတ်နိုင်ငံထဲ လူသိများတဲ့ Third-Party app stores တွေကနေ ဒေါင်းလုပ်ဆွဲတဲ့ပမာဏကို ထည့်တွက်ထားခြင်း မရှိပါဘူး။ TikTok ဟာ ၂၀၁၄ ခုနှစ်က စပြီး Facebook ပိုင် WhatsApp ၊ Instagram နဲ့ Messenger app တို့နောက် ဒေါင်းလုပ်ဆွဲသူ သန်း ၂၀၀၀ ကျော်ရှိလာတဲ့ ပထမဆုံး app တစ်ခုဖြစ်တယ်လို့ Sensor Tower က ဆိုပါတယ်။

Google ပိုင် app တစ်ချို့ ဖြစ်တဲ့ Gmail နဲ့ YouTube တို့ဟာ ဒေါင်းလုပ်ဆွဲသူ သန်း ၅ ထောင် ကျော် ရှိပေမယ့် ဒီ app တွေဟာ Android ဖုန်းနဲ့ တက်ဘလက် အများစုမှာ တစ်ခါတည်း pre-install သွင်းပြီး လာတာ ဖြစ်ပါတယ်။TikTok ဟာ ဒေါင်းလုပ်ဆွဲသူ သန်း ၁၅၀၀ ရှိရာကနေ ၅ လခန့်အကြာမှာ သန်း ၂၀၀၀ ကျော် ရှိလာတာပါ။

Photo: dailymail

TikTok ဟာ iOS နဲ့ Android ပေါ်မှာ ဒေါင်းလုပ်ဆွဲမှု အကြိမ်ပေါင်း သန်း ၂၀၀၀ ကျော်ရှိလာချိန်မှာ ဝင်‌ငွေအရ iOS သုံးစွဲသူတွေဆီကနေ ငွေပိုရနေတာပါ။ Sensor Tower အချက်အလက်တွေအရ TikTok ဟာ iOS ပေါ်ကနေ ဒေါ်လာ ၄၃၅.၃ သန်း ရရှိခဲ့ပြီး Android ပေါ်ကနေ ဒေါ်လာ ၂၁.၄ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ TikTok ရရှိနေတဲ့ ဝင်ငွေအားလုံးရဲ့ ၇၂.၃% နဲ့ နံပါတ်တစ် ဝင်ငွေအများဆုံး ရှာပေးနေတဲ့ နိုင်ငံ ဖြစ်ပြီး အမေရိကန်နဲ့ ဂရိတ်ဗြိတိန်တို့ကတော့ TikTok ပေါ် ငွေသုံးစွဲမှု ၁၉% နဲ့ ၂% စီ ရှိကြပါတယ်။ 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က