နိုင်ငံပေါင်း ၅၀ ခန့်မှာ ဖြန့်ချိသွားမှာပါ

Instagram ဟာ ၁၅ စက္ကန့်စာ ဗွီဒီယိုကလစ်တွေကို ဖမ်းယူတည်းဖြတ်နိုင်မယ့် Reels ဆိုတဲ့ feature ကို ကြေညာလိုက်ပါတယ်။

Reels ဟာ TikTok လိုပဲ နောက်ခံအသံနဲ့ အထူးလုပ်ဆောင်ချက်တွေ creative tools သစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Reels ကို အမေရိကန် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ ပြင်သစ် ၊ ဂျာမဏီ ၊ ယူကေနဲ့ ဂျပန်တို့အပါအဝင် နိုင်ငံပေါင်း ၅၀ မှာ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ Hypebeast သတင်းမှာ ဖော်ပြထားပါတယ်။ 



Photo: GSMArena

Instagram ရဲ့ ဗွီဒီယို feature သစ်မှာ AR effects ၊ countdown timer နဲ့ သီချင်းလိုမျိုး Editing tools သစ်တွေ ပါဝင်မှာပါ။ Instagram Reels ဟာ အပေါ်ဘယ်ဘက် Instagram Camera ခလုတ်မှာ ပါရှိပြီး Interface ဒီဇိုင်းလည်း ပြောင်းထားပါတယ်။ Reels မှာ လုပ်ထားတဲ့ ဗွီဒီယိုကို ပြန် share ခြင်းဟာ ပုံမှန် ပို့စ်တွေ ၊ Live video တွေ share သလိုမျိုးပဲ လုပ်သွားမှာပါ။

ကိုယ်ဖန်တီးထားတဲ့ ဗွီဒီယိုတွေ share ချိန်မှာလည်း လူတိုင်းကို မြင်အောင် လုပ်နိုင်သလို Private ထားပြီး ကိုယ့်ကို follow လုပ်သူတွေပဲ တွေ့အောင်လည်း ထားနိုင်မှာပါ။ Reels ဗွီဒီယိုတွေဟာ ပုံမှန်ဓါတ်ပုံ ၊ ဗွီဒီယိုတစ်ခုလို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး Feed နဲ့ Discover tab တို့မှာ တက်လာမှာ ဖြစ်ပါတယ်။

Instagram ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက Reels features ကို ဘရာဇီးမှာ စမ်းသပ်ခဲ့တာပါ။ လက်ရှိမှာတော့ ဒီ feature ကို အမေရိကန် ၊ ယူကေ ၊ အိန္ဒိယ ၊ ဂျပန် ၊ ဩစတြေးလျ ၊ ပြင်သစ်နဲ့ ဂျာမဏီတို့မှာ ဖြန့်ချိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က