eBay မှာ TikTok ဖောက်ပြီးသား iPhone တစ်လုံးကို ဒေါ်လာ ၅ သောင်း (မြန်မာငွေနဲ့ဆို သိန်း ၂၀၀၀ ကျော်နဲ့အထက်ပဲ) အထိ တင်ရောင်းနေကြလို့ပါ။ ဒေါ်လာ ၅ သောင်းနဲ့ အရောင်းတင်ထားတဲ့ iPhone တစ်လုံးဆို 256GB မော်ဒယ် iPhone 12 Pro Max ဖြစ်နေပါတယ်။
တစ်ယောက်ကလည်း ၂၀၁၇ က ထွက်တဲ့ iPhone 8 Plus ကို ဒေါ်လာ ၁၂၀၀ (မြန်မာငွေ သိန်း ၅၀ ဝန်းကျင်) ဈေးနဲ့ တင်ထားပါတယ်။ ဒါကို ဝယ်ဖို့ watchlist သွင်းထားသူ တစ်ဒါဇင်လောက် ရှိနေပါတယ်။
TikTok ထည့်ထားတဲ့ iPhone 15 Pro Max တစ်လုံးဆို ဒေါ်လာ ၆၁၀၀ နဲ့ လေလံစခဲ့ပြီး အခု ဒေါ်လာ ၁၆၀၀၀ အထိ လေလံတက်ထားပါတယ်။ eBay မှာပဲ iPhone X ကို ဒေါ်လာ ၁၂၀၀၀ ၊ iPhone 15 Pro Titanium ကို ဒေါ်လာ ၄၆၈၀၀ ဈေးတွေနဲ့ တင်ထားပါတယ်။
eBay မှာ ဒေါ်လာ ၁၂၀၀ နဲ့ ၁၅၀၀ ကြား ပေါက်တဲ့ iPhone 15 နဲ့ iPhone 16 မော်ဒယ်တွေက TikTok ပါရင် ဒေါ်လာ ၉၀၀၀ နဲ့ ၄၆၀၀၀ ကြား ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့ကတော့ TikTok နဲ့ CapCut သွင်းထားတဲ့ iPhone 15 တစ်လုံး ၁၃၉၉၇ ဒေါ်လာနဲ့ အရောင်းထွက်သွားခဲ့ပါတယ်။
eBay မှာ ဒါမျိုး TikTok ပါ ဖုန်းပေါင်း ၉၀၀၀ လောက် အရောင်းတင်ထားတာပါ။ အခုထိတော့ TikTok သွင်းထားလို့ မဟားဒယား ဈေးမြင့်နေတဲ့ iPhone တွေ ဘယ်နှစ်လုံး အရောင်းထွက်သွားပြီလဲ မသိရသေးပါဘူး။