Oracle က TikTok ကို ဝယ်ချင်နေတာ ၅ နှစ်လောက် ရှိပါပြီ။ ဒီတစ်ခေါက်က ဒုတိယမြောက် ဝယ်ဖို့ ပြင်တာပါ။

၂၀၂၀ တုန်းက TikTok ကို Walmart နဲ့ ပေါင်း ဝယ်ဖို့ Oracle က ကြံခဲ့တာပါ။ အခုတစ်ခေါက် ဝယ်ဖို့အရေးမှာတော့ Walmart မပါတော့ပါဘူး။ TikTok app ရဲ့တန်ဖိုးကို တွက်ပြီး တပ်လန်သွားတာ ဖြစ်နိုင်ပါတယ်။

ဒီတစ်ခေါက်တော့ Oracle က Microsoft အပါအဝင် ရင်းနှီးမြှပ်နှံသူတစ်ဖွဲ့နဲ့ TikTok ရဲ့ ကမ္ဘာ့လုပ်ငန်းတွေကို ဝယ်ဖို့အရေး ဆွေးနွေးနေတယ်လို့ အသံပြန်ထွက်လာပါတယ်။ Oracle တို့ လိုချင်တဲ့ပုံစံက ByteDance ကို TikTok မှာ minority stake လို့ခေါ်တဲ့ အဓိကမကျတဲ့ အစုရှယ်ယာတွေ ပေးထားပြီး Oracle ဘက်က app ရဲ့ algorithm ၊ ဒေတာစုဆောင်းမှုနဲ့ ‌ဆော့ဖ်ဝဲလ် updates တွေ ကြီးကြပ်သွားမှာပါ။


ဒါမျိုးဆို အိမ်ဖြူတော်ကလည်း ကြိုက်နိုင်ပါတယ်။ တရုတ်ဘက်က လက်ခံမခံတော့ မသေချာပါဘူး။ ထရမ့်ကိုယ်တိုင်ကလည်း သတင်းစာရှင်းလင်းပွဲမှာပဲ Oracle ကို TikTok ဝယ်ဖို့ ပြောထားတာပါ။ TikTok ဝယ်ဖို့ တခြားစိတ်ဝင်စားစူတွေနဲ့လည်း ထရမ့်က စကားပြောထားတယ်လို့ ဆိုပါတယ်။

ထရမ့်ကလည်း နောက် ရက် ၃၀ ကျော်အတွင်း TikTok ကိစ္စ ဆုံးဖြတ်ချက်ထွက်လာမယ်လို့ ပြောထားတာပါ။ TikTok ကို ဝယ်ချင်သူတွေ တော်တော်လေး များပါတယ်။ ဒီထဲမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မတ်စ် ၊ YouTuber MrBeast ၊ အိမ်ခြံမြေ ဘီလျံနာ ဖရန့်ခ် မက်စ်ကော့ နဲ့ မီလျံနာ ကယ်ဗင်အိုလီယာရီတို့လည်း ပါဝင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က