မြန်မာအသင်းခြေစွမ်းကတော့ သိပ်အားရစရာမရှိခဲ့ပါဘူး။

ဆီးဂိမ်း အုပ်စု-က ပွဲအဖြစ် မြန်မာက တီမောနဲ့ ဒီနေ့မှာ ကစားခဲ့ပါတယ်။ မြန်မာအတွက်တော့ အဖွင့်ပွဲဖြစ်ပြီး အနိုင်ရဖို့အတွက် အရေးကြီးနေခဲ့ပြီး အနိုင်ရခဲ့ပေမယ့်လည်း လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူး။ တီမောရဲ့ ကစားပုံကောင်းမွန်မှုနဲ့ မြန်မာကစားသမားတွေရဲ့ အဆုံးသတ်ညံ့ဖျင်းမှုတွေကြောင့် ဂိုးရဖို့တော့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ 


ပထမပိုင်းမှာ ဟိန်းထက်အောင်ရဲ့ အလွတ်တည်ကန်ဘောက တိုင်ထိထွက်ခဲ့သလို သူဖန်တီးပေးတာကို အသင်းဖော်က ဘယ်ခြေနဲ့ အပိုင်ပိတ်သွင်းခွင့်ကိုလည်း ဂိုးဘားပေါ်ထောင်ကန်ခဲ့ပါတယ်။ တီမောကလည်း အပြန်အလှန်ဖိအားပေးနိုင်ခဲ့ပြီး အဆုံးသတ်ညံ့ဖျင်းလို့သာ မြန်မာအသင်းသက်သာခဲ့တာပါ။ 

ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်မှုအပိုင်းမှာ တီမောက မြန်မာကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာတို့ ထင်မှတ်သလောက်မလွယ်ခဲ့ဘဲ ရုန်းကန်ခဲ့ရတာပါ။ မြန်မာအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၃ မိနနစ်မှာ ရရှိခဲ့ပြီး အဆိုပါတဂိုးတည်းနဲ့ အနိုင်ရရှိပြီး အဖွင့်ပွဲမှာ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ 


ဒါပေမယ့် မြန်မာအသင်းခြေစွမ်းကတော့ အားရစရာမရှိခဲ့ဘဲ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ကို အနိုင်ကစားဖို့ကတော့ မလွယ်ကူလှပါဘူး။ အုပ်စုတွင်းမှာ အင်ဒိုနီးရှားအပြင် အိမ်ရှင်ကမ္ဘောဒီးယားလည်း ပါဝင်နေလို့ ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက်ဆိုရင် အဆိုပါအသင်းတွေနဲ့ပွဲမှာ ရလဒ်ကောင်းယူထားဖို့တော့ အရေးကြီးပါတယ်။ 


Photo : MFF

Share

Loading Next Article...
က္က