ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကတော့ တီမိုဝါလ်နာကို ခေါ်ယူနိုင်ဖို့အတွက် အပြီး သတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါလ်နာရဲ့ အပြောင်းအရွှေ့့နဲ့ပတ်သက်ပြီး အသင်းစီးအီအိုမင့်ဇ်လက်ဖ်ရဲ့ထုတ်ဖော် ပြောဆိုခဲ့မှုအပြီး အတည်ပြုသူမရှိသေးတဲ့အခြေအနေကြောင်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မရေရာ တဲ့အေ ခြအနေတွေရှိလာခဲ့တယ်လို့ thesun ရဲ့သုံးသပ်ဖော်ပြချက်အရ သိရပါတယ်။
တီမိုဝါလ်နာရဲ့အပြောင်းအရွှေ့အပေါ် ဗြိတိန်ထိပ်သီးမီဒီယာတွေအပြင် ဂျာမနီမီဒီယာတွေကပါ အတည်ပြုဖော် ပြမှုများပြုလုပ်ခဲ့ပေမယ့် ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့တဲ့ လိုက်ပ်ဇစ်စီးအီးအို မင့်ဇ်လက်ဖ်ရဲ့မှတ်ချက်ကြောင့် အခုလိုမေးခွန်းထုတ်မှုများရှိခဲ့တာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဘက်ကနေ ထွက်ပေါ်လာတဲ့သတင်းတွေအရ ကစားသမားဖြစ်သူနဲ့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုအပြင် ရာသီကုန်အပြောင်းအရွှေ့အတွက် အပြီးသတ်ညှိနှိုင်းသဘောတူညီချက်ရရှိခဲ့ပြီးဖြစ်တ ယ်လို့ အခိုင်အမာဖော်ပြမှုတွေရှိနေခဲ့တာပါ။
လိုက်ပ်ဇစ်စီအီးအိုအင့်ဇ်လက်ဖ်က ၀ါလ်နာအတွက် ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှုကို မရရှိသေးသလိုကစား သမားဖြစ်သူကိုယ်တိုင်ကလည်း အသင်းအတွက်ရာနှုန်းပြည့်အာရုံစိုက်နေသူဖြစ်ကြောင်း၊ အပြောင်းအရွှေ့သ တင်းအများစုကို ကြားနေရတာသာရှိပြီး အတည်ပြုဖို့လည်းမလိုကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့တာလည်းဖြစ် ပါတယ်။
ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ တီမိုဝါလ်နာကိုယ်တိုင်က ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပြီး လီဗာပူးနဲအဆင်မပြေခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၅၂သန်း၊ တစ်ပတ်လုပ်ခ လစာပေါင် ၂သိန်းဝန်းကျင်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ ဖော်ပြခဲ့ကြပေမယ့် လိုက်ပ်ဇစ်စီးအီးအိုရဲ့ထုတ် ဖော်ပြောဆိုမှုအပြီးမှာတော့ အပြောင်းအရွှေ့အတွက်အတည်ပြုသတင်းတွေထွက်ပေါ်လာခြင်းမရှိတော့တာလ ည်းဖြစ်ပါတယ်။