လမ်းပတ်က လက်ရှိအသင်းရဲ့ဘယ်အစွန်နောက်ခံလူတွေဖြစ်တဲ့ အလွန်ဆို နဲ့ အီမာဆင်တို့ရဲ့ ခြေစွမ်းအပေါ် နှစ်ခြိုက်မှုမရှိဖြစ်နေပါတယ်။
တီမိုဝါနာကို ခေါ်ယူနိုင်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ လက်စတာဘယ်အစွန်နောက်ခံလူဘင်ချီဝဲလ်ကို ထပ်မံကြိုးစားနေတယ်လို့ သိရပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ အပြောင်းအရွှေ့စရိတ်ကို အကန့်အသတ်နဲ့သာ သုံးစွဲရဖို့ရှိနေတဲ့ ချယ်လ်ဆီးဟာ ကစားသမားနှစ်ဦးခန့်ကိုသာ အဓိကထားခေါ်ယူနိုင်တဲ့ အခြေအနေမှာသာရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် တီမိုဝါနာနဲ့ ချီဝဲလ်တို့ကို ခေါ်ယူပြီးခဲ့ရင်တော့ နည်းပြလမ်းပတ်ရဲ့ အသင်းအတွက် အခြားသောကစားသမားသစ်တွေ ထပ်မံရောက်ရှိလာနိုင်တော့မဟုတ်ဘူးလို့လည်း သိရပါတယ်။ လမ်းပတ်က လက်ရှိအသင်းရဲ့ဘယ်အစွန်နောက်ခံလူတွေဖြစ်တဲ့ အလွန်ဆို နဲ့ အီမာဆင်တို့ရဲ့ ခြေစွမ်းအပေါ် နှစ်ခြိုက်မှုမရှိဖြစ်နေပါတယ်။
လက်စတာအတွက် ခြေစွမ်းပြနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခွင့်ရရှိထားတဲ့ ချီဝဲလ်က အသင်းအတွက် အသင့်တော်ဆုံးလို့ လမ်းပတ်ကယုံကြည်နေပြီး အငှား ဒါမှမဟုတ် ကစားသမားအလဲအထပ်ပြုလုပ်ပြီးမှသာ ခေါ်ယူနိုင်မယ်ဆိုရင်လည်း ခေါ်ယူသွားဖို့ အသင့်ရှိနေတယ်လို့လည်း Metro က ဖော်ပြခဲ့ပါတယ်။
ချီဝဲလ်အတွက် ချယ်လ်ဆီးက အနည်းဆုံးပေါင်သန်း ၃၀ ခန့်သုံးစွဲရမယ်လို့ သိရပြီး ကလပ်အသင်းဘက်က ငွေကြေးထုတ်ပေးဖို့လည်း အသင့်ရှိနေပါတယ်။ တီမိုဝါနာအတွက် ပေါင် ၅၃ သန်းအထိ လမ်းပတ်က အသုံးပြုပြီးဖြစ်ကာ ချီဝဲလ်အတွက် ပြောင်းရွှေ့ကြေးပါထည့်သွင်းမယ်ဆိုပါက ပေါင် ၈၅သန်းခန့် ကုန်ကျမှာလည်းဖြစ်ပါတယ်။