အနည်းဆုံး ဒေါ်လာ ၂ ဘီလျံ ရလိုကြောင်း တရားစွဲထားတာပါ။

နာမည်ကြီး ဖူးစာရှာဖွေရေး app ဖြစ်တဲ့ Tinder ရဲ့ ပူးတွဲတည်ထောင်သူများနဲ့ဝန်ထမ်း ၈ ဦးဟာ အကျိုးအမြတ်လိမ်လည်ခံရမှုကြောင့် Tinder ကို ပိုင်ဆိုင်တဲ့ IAC နဲ့Match Group တို့ကို တရားပြန်စွဲထားပါတယ်။

seanrad_1200xx5400-3043-0-350.jpg

Photo: Business Insider

 

အနည်းဆုံး ဒေါ်လာ ၂ ဘီလျံ နစ်နာကြေး ရလိုမှုနဲ့Tinder ကို ပူးတွဲ တည်ထောင်ခဲ့သူ ရှောင် ရက်ဒ် ၊ ဂျက်စတင် မာတင်း နဲ့ဘာဒင်းတို့ဦးဆောင်ပြီး တရားစွဲခဲ့တာပါ။ Match Group မှာ OkCupid နဲ့Match.com တို့လို dating sites တွေလည်း ပိုင်ဆိုင်ထားပြီး Tender ဟာ Match Group ပိုင် dating service တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Tender ကို ရေးဆွဲခဲ့တဲ့ IAC နဲ့Tender ဝန်ထမ်းများဟာ စတော့ရှယ်ယာအရောင်းအဝယ်လုပ်နိုင်ဖို့ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂၀၂၀ နဲ့၂၀၂၁ ခုနှစ်များမှာ နှစ်အလိုက် ကုမ္ပဏီတန်ဖိုးသတ်မှတ်ပေးဖို့သဘောတူညီချက် ရှိခဲ့တာပါ။ ဒီအစား IAC ဟာ၂၀၁၇ ခုနှစ်က Match Group မှာ Tinder ကို ပေါင်းစည်းလိုက်ခဲ့ပြီးနောက် Tinder ဝန်ထမ်းတွေရဲ့ စတော့ တန်ဖိုးဟာ Match ရဲ့ ရှယ်ယာဈေးအတိုင်း ဖြစ်လာခဲ့ပါတယ်။

Match Group စတော့နဲ့တန်းညှိလိုက်တာကြောင့် Tinder ဝန်ထမ်းတွေဟာ ရသင့်ရထိုက်တာထက် စတော့ဈေး မရတော့ဘူးလို့ဆိုပါတယ်။ တရားစွဲရာမှာလည်း IAC ဟာ ဘဏ္ဍာရေးအချက်အလက် အမှားတွေ ဖန်တီးပြီး Tinder ကုမ္ပဏီ တန်ဖိုးတက်လာတဲ့အပေါ် လိမ်ညာခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် Tinder ကို တန်ဖိုးချဖို့အတွက် Tinder Gold လို ဝင်ငွေရမယ့် အရေးကြီး feature တွေကို ဖြန့်ချိဖို့ရက်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။

Tinder Plus နဲ့အခကြေးငွေနဲ့subscribe သုံးရတဲ့ Tinder Gold လို premium features များကြောင့် Tinder ဟာ ဒေါ်လာ သန်း ၈၀၀ ဝင်ငွေရခဲ့တယ်လို့SEC (အမေရိကန် လုံခြုံရေးနဲ့အိတ်ချိန်း ကော်မရှင်) မှ ထုတ်ပြန်လိုက်တဲ့ IAC/Match Group ဝင်ငွေစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က IAC မှ ဝန်ထမ်းများကို ထုတ်ပြန်ပြောကြားခဲ့တဲ့ ပမာဏထက် ၇၅% ပိုများနေတာလည်း ဖြစ်ပါတယ်။

"Tinder ဝန်ထမ်းတွေအတွက် ရသင့်ရထိုက်တာတွေ ပေးချိန်ရောက်ချိန်မှာ သူတို့ဟာ စာချုပ်ပါ အချက်အလက်များ ချိုးဖောက်တာ ၊ ခြိမ်းခြောက်တာတွေ လုပ်ပြီး ဘီလျံနဲ့ချီတဲ့ ဒေါ်လာတွေ ခိုးထားပါတယ်။ အခုဆို တရားရုံးဟာ ဒီလူတွေကို ဒေါ်လာဘီလျံပေါင်းများစွာ လက်စဖျောက်မှုအတွက် တာဝန်ယူခိုင်းဖို့စီရင်ပါလိမ့်မယ်" လို့ဝန်ထမ်းများဘက်မှ ရှေ့နေဖြစ်သူ အော်ရင် ဆနိုက်ဒါက ပြောခဲ့ပါတယ်။

Photo: Barrons

 

တရားရုံးကို ဦးတိုက်လျှောက်ထားရာမှာတော့ IAC ဟာ Tinder ရဲ့ တန်ဖိုးကို Match Group ထဲ မထည့်ခင် အရင် ၂ နှစ်ကအတိုင်း ဒေါ်လာ ၃ ဘီလျံအနေနဲ့ပဲ သတ်မှတ်ထားခဲ့တာပါ။ IAC မှ တာဝန်ရှိသူများမှ ဝန်ထမ်းများအနေနဲ့Tinder ရဲ့ တကယ့် တန်ဖိုးကို ထုတ်ဖော်ပြောကြားပါက အလုပ်မှ ထုတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

 

Share

Loading Next Article...
က္က