ဆွန်ဟောင်မင်က ဆမ်ဆောင်းနဲ့ စာချုပ်ချုပ်ဆိုထားတာပါ။

စပါးနဲ့ တောင်ကိုရီးယားလက်ရွေးစင်ရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က တင်းကျပ်တဲ့ စပွန်ဆာစာချုပ်တစ်ခုကြောင့် ပရိသတ်တစ်ယောက်ရဲ့ဖုန်းကို ကိုင်ပြီး ဆဲလ်ဖီရိုက်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဆွန်ဟောင်မင်ဟာ နာမည်ကျော် ဆမ်ဆောင်းကုမ္ပဏီနဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားပါ။



လက်ရှိမှာ သူက တောင်ကိုရီးယားလက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းလျက်ရှိပါတယ်။ ဒီကာလအတွင်း ဆွန်ဟောင်မင်က ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ အခုလိုမျိုး ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာကို ဗီဒီယိုမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။

အိုင်ဖုန်းကိုင်ဆောင်ထားတဲ့ ပရိသတ်ဟာ ဆွန်ဟောင်မင်ကို ဆဲလ်ဖီရိုက်ခွင့်ပေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်က အဆိုပါဖုန်းကို ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ပရိသတ်ကို တောင်းပန်စကားဆိုကာာ ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုမျိုး ငြင်းဆန်ခဲ့ပေမယ့် ဆွန်ဟောင်မင်က အဆိုပါအမျိုးသမီးကို ဖုန်းကိုင်ရင်း ဆဲလ်ဖီရိုက်ခွင့်ပြုခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ယောက်ကတော့ ဆမ်ဆောင်းဖုန်းကို ကိုင်ဆောင်ထားတာကြောင့် ဆွန်ဟောင်မင်က သူကိုယ်တိုင် အဆိုပါဖုန်းကို ကိုင်ဆောင်ကာ ဓာတ်ပုံတွဲရိုက်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာလည်း ဆမ်ဆောင်းရဲ့ Brand Ambassador တစ်ယောက်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဆွန်ဟောင်မင်တစ်ယောက် ဒီလိုမျိုး ဖုန်းကို မကိုင်တွယ်ခဲ့တာက သူနဲ့ ဆမ်ဆောင်းကြားက စာချုပ်တစ်ရပ်ကြောင့်ပဲဖြစ်ပြီး ဆွန်ဟောင်မင်ကတော့ ဒီစာချုပ်အပေါ်မှာ အပြည့်အဝ လေးစားမှုထားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က