ရော်နယ်ဒိုက ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်အီတီဖတ်တို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သလို တစ်ဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။




ပထမပိုင်း ပွဲကစားချိန် (၄၂) မိနစ်မှာကတည်းက အယ်လ်နာဆာနောက်ခံလူ အဲလက်စ်တဲလက်စ်က ဧရိယာအပြင်ကနေ လှပတဲ့ မြေမကျကန်ချက်နဲ့ အယ်လ်နာဆာအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယဂိုးကိုတော့ ဘရိုဇိုဗစ်က သွင်းယူပေးခဲ့တာပါ။


ဒီဂိုးမှာ အယ်လ်အီတီဖတ် နောက်ခံလူတွေ ကစားပုံ မသေသပ်တဲ့ အမှားအယွင်းတွေကို မြင်တွေ့ခဲ့ရပြီး ဘောလုံး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရော်နယ်ဒို ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို အယ်လ်နာဆာ ကွင်းလယ်လူ ဘရိုဇိုဗစ်က ကြုံသလို ကန်သွင်းပြီး အယ်လ်နာဆာတို့ ဒုတိယဂိုးရရှိခဲ့တာပါ။


အယ်လ်နာဆာအတွက် နောက်ဆုံးဂိုးကိုတော့ ရော်နယ်ဒိုကပဲ ပင်နယ်တီကတစ်ဆင့် အမှားအယွင်းမရှိ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းအဆုံးသတ်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်ကတော့ ဒီသွင်းဂိုးက ဆော်ဒီပရိုလိဂ်မှာ သူ့အတွက် (၁၇) ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။


ဒါ့အပြင် (၂၀၂၃) ခုနှစ်အတွင်းမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးက (၅၀) ကျော်သွားခဲ့ပြီး သူ့ပရိသတ်တွေအတွက်တော့ ကျေနပ်စရာ နှစ်တစ်နှစ်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က