ကျန်းမာရေးအခြေအနေကတော့ကောင်းမွန်ပါတယ်။

တီးတိန်မြို့က COVID-19 ရောဂါကူးစက်လူနာနဲ့ ကလေး-တီးတိန်လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၃ ဦးရှိပြီး တစ်ဦးကို မန္တလေးနဒီမြန်မာဟိုတယ်မှာ သီးသန့်စောင့်ကြည့်စစ်ဆေးနေတယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က Duwun ကို အတည်ပြုပြောဆိုပါတယ်။

မန္တလေးတိုင်းအတွင်း စောင့်ကြည့်လူနာများထားရှိတဲ့ နဒီမြန်မာဟိုတယ်ကို တွေ့ရစဉ်။

ရောဂါကူးစက်ခံရသူနဲ့ လေယာဉ်တစ်စီးတည်းစီးခဲ့တဲ့ ဒေါ်ချိုချိုဌေးဆိုသူဟာ မန္တလေးကိုရောက်ရောက်ခြင်း ချောင်းဆိုး၊လည်ချောင်းနာတာတွေခံစားရလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနဲ့ ကန်တော်နဒီဆေးရုံတို့ဆီသွားပြခဲ့တာပါ။

အဲဒီနောက်မှာတော့မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်အကူအညီနဲ့ နဒီမြန်မာဆေးရုံမှာ သီးခြားစောင့်ကြပ်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“ အခုနဒီမြန်မာမှာ Quarantine လုပ်ထားတယ်။ စစ်နေပါပြီ။ အခုထိ ကျန်းမာရေးကောင်းပါတယ်။ “ လို့ ဒေါက်တာခင်ကျော်က Duwun ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ဒ့ါအပြင် ဒေါ်ချိုချိုဌေးရဲ့ သားဖြစ်သူကိုလည်း နေအိမ်မှာပဲ နေထိုင်စေကာ အသွားအလာကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့က ရောဂါပိုးရှိသူ စီးခဲ့တဲ့ ယာဉ်လိုင်းမှာ ကလေး-တီးတိန် Shalom ယာဉ်လိုင်းမှာ လိုက်ပါလာသူ ၁၃ ဦးရှိပြီး အားလုံးကို နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ်လ ၂၄ ရက်ညပိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦးရှိနေပြီး အမေရိကန်နိုင်ငံက ပြန်ဝင်လာတဲ့ ချင်းပြည်နယ်တီးတိန်မြို့က (၁) ဦးနဲ့ အင်္ဂလန်နိုင်ငံက ပြန်ဝင်ရောက်လာတဲ့ ရန်ကုန်မြို့ အမျိုးသား (၂) ဦးတို့ ဖြစ်ကြတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဆီ မြဝတီဂိတ်ကနေတစ်ဆင့်ပြန်လည်ဝင်ရောက်လာကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲက မန္တလေးမြို့နဲ့အနီးတစ်ဝိုက်ကလူတွေကို မန္တလေးတိုင်းဒေသကြီးအစိုးရက နဒီမြန်မာဟိုတယ်မှာ ကျန်းမာရေးဆေးစစ်ချက်တွေယူပြီး စိတ်ချရမှပြန်လွှတ်ပေးနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က