မပျော်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်တဲ့။

သင်္ကြန်ပွဲ မပျော်ရတော့တဲ့အပေါ် တိုင်ရွန်တစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: Bling Bling



တိုင်ရွန်ကတော့ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်မှာ မပျော်ရလို့ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ အရင်တုန်းက သင်္ကြန်အမှတ်တရလေးတွေကိုပဲ ပြန်ကြည့်နေမိတယ်လို့ Duwun Media ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုထားတာဖြစ်ပါတယ်။ 

“ ဒီနှစ်ရဲ့ မြန်မာသင်္ကြန်က တိတ်ဆိတ်သွားတာ ပထမဆုံးဖြစ်မယ်ထင်တယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်တယ်၊ ဝမ်းလည်း ဝမ်းနည်းပါတယ်။ အရင်တုန်းကဆို သူငယ်ချင်းတွေနဲ့ ခရီးထွက်ကြတာမျိုးတွေရှိတယ်။ ဒီနှစ်ကတော့ ဖုန်းကနေပဲ စကားတွေပြောရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကြန်လေးတော့ ပျော်ချင်တာပေါ့လေ။ ဒါပေမယ့် မတတ်နိုင်ဘူးပေါ့” လို့ ဆိုပါတယ်။ 

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၂၂)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၃) ဦးရှိခဲ့ပြီလို့ သိရပါတယ်။

Photo: Bling Bling

တိုင်ရွန် ကတော့ အခုချိန်မှာ မိသားစုကို ပိုအချိန်ပေးရင်း တူလေး၊ တူမလေးတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသွားချင်စိတ်တွေ ခဏခဏဖြစ်နေမိတယ်လို့လည်း သူကပြောပါတယ်။ 

“ ကိုယ်ပျင်းနေတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမယ့် ခရီးသွားချင်စိတ်က ဖြစ်လာတယ်။ အိမ်ထဲမှာနေရတာ အရမ်းတော့ မကြာသေးပေမယ့် ခရီးသွားတဲ့ ဓာတ်ပုံတွေ ပြန်တက်လာရင် ခရီးသွားချင်လာတယ်။ ပြီးတော့ ဒါကြီးက ဘယ်လောက်ကြာဦးမှာလဲဆိုတာကို တွေးပြီး စိတ်မောတာတွေတော့ ရှိတာပေါ့။ ဝင်ငွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ၊ အပြင်ထွက်ရတာထက် ကိုယ်အလုပ်အကိုင်မရှိတော့ရင် ဝင်ငွေလည်းမရှိဘူး။ ဒါကိုပဲ စိတ်ညစ်နေမိတာပါ” လို့ ဆိုပါတယ်။ 

Photo: Tyron

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က