Standby ဆို ၃ လကျော် ဘက်ထရီခံပါတယ်

ဘက်ထရီခံတဲ့ ဖုန်းကြိုက်တယ်ဆိုရင် နှစ်ခါ မစဉ်းစားသင့်တာက Oukitel WP19 ပါပဲ။


လူသိနည်းတဲ့ တရုတ်အမှတ်တံဆိပ် Oukitel ကနေ ထုတ်လိုက်တဲ့ Oukitel WP19 မှာ ဘယ်ဖုန်းမှာမှ မရှိတဲ့ Feature တစ်ခု ပါလာပါတယ်။ အဲ့ဒါကတော့ ဘက်ထရီပါဝါ 21000mAh အား သုံးလာတာပဲ ဖြစ်ပါတယ်။ လက်ရှိ စမတ်ဖုန်းဈေးကွက်ထဲမှာ 7000mAh ဘက်ထရီဖုန်းဆိုရင် ဧရာမဘက်ထရီပါဝါနဲ့ လာတာလို့ ပြောကြပါတယ်။ Oukitel WP19 ကတော့ Next Level လို့ ဆိုရမှာပါ။ 





Oukitel WP19 ဟာ ဈေးကွက်တင် ဖြန့်ချိတဲ့ ဖုန်းတွေထဲမှာ ပြိုင်ဘက်မရှိ ဘက်ထရီပါဝါအကြီးဆုံးဖုန်းအဖြစ် ဝင်ရောက်လာတာ ဖြစ်ပြီး အားအပြည့်သွင်းထားရင် တစ်ပတ်ကြာ အသုံးခံမယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။ ဗွီဒီယို Playback ဆက်တိုက် ကြည့်မယ်ဆိုရင် ၃၆ နာရီ ကြာ အားခံပါတယ်။ ဒါတင် မဟုတ်သေးပါဘူး။ ၁၂၃ နာရီကြာ သီချင်းနားထောင်နိုင်ပြီး ၁၂၂ ကြာ ဖုန်းပြောနိုင်မှာပါ။ မသုံးဘဲ Standby ထားရင် နာရီပေါင်း ၂၂၅၂ နာရီ (သုံးလကျော်ကြာ) အားခံမယ်လို့ ဆိုပါတယ်။ 

ဖုန်းဘက်ထရီပါဝါ ကြီးလွန်းလို့ သူ့ကို Power Bank လိုလည်း သုံးနိုင်ပါတယ်။ အားသွင်းဖို့ 27W Wired Charging ပံ့ပိုးထားပြီး ဧရာမဘက်ထရီပါဝါကြီးကို အားအပြည့်သွင်းဖို့ ၄ နာရီတော့ ကြာနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်နာရီလောက် အားသွင်းထားရုံနဲ့တင် တစ်ရက်တော့ အသာလေး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Oukitel ရဲ့ အကြမ်းခံတဲ့ ဘော်ဒီတည်ဆောက်ပုံနဲ့ ထူထဲလှတဲ့ ကိုယ်ထည်အချိုးအစားကို သုံးထားပါတယ်။ 

IP68 ရေစို/ဖုန်တင်ခံနိုင်ရည်ရှိပြီး စစ်တပ်သုံး အကြမ်းခံစနစ် MIL-STD-810G Rating နဲ့ လာလို့ ဖုန်းတစ်လုံးကို ဝုန်းဒိုင်းသုံးတဲ့ သူတွေအတွက် ပူစရာမလိုတဲ့ ဖုန်းလို့ ဆိုရမှာပါ။ လုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေစနစ် ထည့်ပေးထားပြီး ကျောဘက်စက်ဝိုင်းပုံ ကင်မရာအိမ်ထဲမှာ 64MP Main sensor ၊ 20MP Night Vision Lens နဲံ 2MP Macro Lens ပါရှိပါတယ်။ ရှေ့ Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ 



Processor အနေနဲ့ Snapdragon 720G နဲ့ ယှဉ်နိုင်တဲ့ အလတ်တန်းစား MediaTek Helio G95 4G SoC နဲ့လာပါတယ်။ RAM 8GB/256GB Storage အပြင် microSD နဲ့ Storage ထပ်တိုးနိုင်မယ့် အားသာချက်လည်း ရှိပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၇၈ လက်မ FHD+ Screen ကလည်း 90Hz Refresh Rate ပေးထားလို့ ဒီနေ့ခေတ် တန်းဝင် Mid-Range အဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 

Oukitel WP19 မှာ NFC ၊ Bluetooth 5.0 နဲ့ Google Support ပါ Android 12 သစ်နဲ့ လာပါတယ်။ ဈေးနှုန်း ၆၉၄ ယူရို (မြန်မာငွေ ၁၄ သိန်းနီးပါး) ရှိပြီး AliExpress မှာ ဝယ်လို့ ရပြီလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က