ဘိုလစ်ဗီးယားက ဒိုင်လူကြီးတစ်ဦးဟာ နာကျင်အချိန်ပိုကို မယုံနိုင်ဖွယ် ၄၂ မိနစ်အထိ သတ်မှတ်ပေးခဲ့ပြီးနောက် ပွဲကိုင်တွယ်ခွင့် ဆိုင်းငံ့ခြင်းခံခဲ့ရပါတယ်။

အက်သလက်တီကို ပါလ်မာဖလော်နဲ့ ဘလွန်းမင်းတို့ဟာ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့ကြပြီး အိမ်ရှင်အသင်းက ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဂျိုနသန် ကန်းနက်နဲ့ ဂီးလ်ဘတ် အယ်လ်ဗာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပါလ်မာဖလော်အသင်းက ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဘလွန်းမင်းအသင်းက များပြားလှတဲ့ အချိန်ပိုကြောင့် ၂ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဒိုင်လူကြီး ဂျူလီယို ဖာနန်ဒို ဂူတီယာရက်ဇ်နဲ့ ၎င်းရဲ့ လက်ထောက်ဒိုင် ၅ ဦးဟာ ဂက်စတန် ရိုဒရီဂက်ဇ် မဲဆိုရဲ့ ၈၆ မိနစ်မှာ သွင်းယူခဲ့တဲ့ လူကျွံနေခဲ့တဲ့ သွင်းဂိုးကို ဆုံးဖြတ်ဖို့ ၁၇ မိနစ်အထိ အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ ဂိုးအဖြစ် ခွင့်ပြုသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



အဲဒီလို ကြီးမားတဲ့ ပွဲကစားချိန်နှောင့်နှေးမှုနဲ့တောင်မှ ၂ သင်းစလုံးဟာ အများဆုံး နာကျင်အချိန်ပို မိနစ် ၂၀ အထိ သာ မျှော်မှန်းခဲ့ကြတယ်လို့ သိရပြီး နာကျင်အချိန်ပိုက ပုံမှန်ပွဲကစားချိန် တစ်ပိုင်းလောက် ကစားခဲ့ရတာကြောင့် အချိန်ပို ၂၄ မိနစ်မှာ ဘလွန်းမင်းအသင်းအတွက် ၂-၂ ညီမျှသွားစေမယ့် သွင်းဂိုးကို ဟိုဆေး လူးဝစ္စ ဆီနီစတာရာက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

ဘလွန်းမင်းကစားသမားတွေဖြစ်တဲ့ ဆီဇာ မီနာချို၊ မီဂယ်လ် အိန်ဂျယ် ဘီဆာရာ ဗာဆာတို့ ၂ ဦးစလုံး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့်လည်း နောက်ထပ် ဝရုန်းသုန်းကားဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါလ်မာဖလော်က နာကျင်အချိန်ပို ၃၈ မိနစ်မှာ ၃-၂ ဖြစ်စေမယ့် အနိုင်ဂိုးကို ကန်းနက်ရဲ့ သွင်းဂိုးကြောင့် ရရှိခဲ့တာကြောင့် တရားမျှတမှု ရရှိခဲ့တယ်လို့ ခံစားခဲ့ရပေမယ့်လည်း ဒီလိုမျိုး မယုံနိုင်စရာ နာကျင်အချိန်ပိုပေးခဲ့တဲ့အတွက် ဒိုင်လူကြီးတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ခံသွားရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က