နယူးကာဆယ်ကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့တာပါ။

ချဲလ်ဆီးကတော့ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူတို့အတွက်တော့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကနေ ရုန်းထွက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို နီကိုးလပ်စ်ဂျက်ဆင်က စောစောစီးစီး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းမပြီးခင် အိုင်ဆက်ခ်က နယူးကာဆယ်အတွက် ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ပါးလ်မား၊ မူဒရစ်ခ်တို့က ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး မိနစ် (၉၀) မှ မာဖီရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက် အနိုင်ဂိုးကို ထိန်းကစားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ ဒီပွဲအနိုင်ရရှိခဲ့သည့်တိုင် အဆင့် (၁၁) နေရာမှာပဲ ရပ်တည်နေခဲ့ပြီး အဆင့် (၁၀) က နယူးကာဆယ်ကို ကျော်တက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် တစ်ပွဲလျော့ တစ်မှတ်အကွာ အနေအထားကြောင့် လက်ကျန်ပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ချဲလ်ဆီးတို့ အဆင့် (၁၀) က နယူးကာဆယ်၊ အဆင့် (၉) နေရာက ဝုလ်ဗ်တို့ကို ကျော်တက်နိုင်မှာပါ။
လာမယ့်အပတ်မှာတော့ ချဲလ်ဆီးက အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကျပ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ လက်စတာနဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ဆက်လက်ကစားရမှာပါ။ နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းတွေ တည်ငြိမ်မှုမရှိဘဲ မနှစ်ကလို ချန်ပီယံလိဂ်ဝင်ခွင့်မျိုးကတော့ မျှော်လင့်ချက် ဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က