ဒေါ့မွန်အတွက် စုစုပေါင်း ၆၈ ပွဲကစားပေးအပြီးမှာ သူ့ရဲ့သွင်းဂိုးက ၇၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

နော်ဝေကြယ်ပွင့်ဆီက သွင်းဂိုးတွေကိုမမြင်တွေ့ရတာကြာမြင့်နေပြီဖြစ်တဲ့ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရသလို ဒေါ့မွန်ကလည်း အမှတ်ပေးဇယားထိပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ဒဏ်ရာရရှိနေမှုကြောင့် ဒေါ့မွန်အတွက် ကစားပေးနိုင်ခြင်းမရှိသလို သွင်းဂိုးတွေလည်း တစ်လကျော်ကြာပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ မိန့်ဇ်နဲ့ပွဲမှာ အသင်းအတွက်ပြန်လည်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နော်ဝေကြယ်ပွင့်ဆီက သွင်းဂိုးတွေကိုမမြင်တွေ့ရတာကြာမြင့်နေပြီဖြစ်တဲ့



ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရသလို ဒေါ့မွန်ကလည်း အမှတ်ပေးဇယားထိပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မာကိုရူးစ်က ဒေါ့မွန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ကျန်ဂိုးတွေကိုတော့ ဟာလန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၅၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဂိုးအဖြစ်ဟာလန်းက ပြောင်းလဲနိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဘီလင်ဟမ်ရဲ့ဖန်တီးပေးမှုကတဆင့် နောက်ထပ်တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်တော့ ဒီရာသီဘွန်ဒက်လီဂါမှာ ၆ ပွဲကစားအပြီး ၉ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲမှာတော့ ၁၃ ဂိုးအထိ သွင်းယူပြီးဖြစ်ပါတယ်။ 


စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အသင်းအတွက်ကစားပေးနိုင်ခြင်းမရှိတော့တဲ့ ဟာလန်းဟာ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ဒေါ့မွန်ရဲ့ ဂိုးသွင်းစက်က သူဖြစ်တယ်ဆိုတာကို ထပ်မံပြသခဲ့ပါတယ်။ ထိပ်သီးအသင်းတိုင်းရဲ့ ပစ်မှတ်ကစားသမားအဖြစ်ရှိနေခဲ့တဲ့ နော်ဝေကြယ်ပွင့်ဟာ ဒေါ့မွန်မှာ တစ်ပွဲကို တစ်ဂိုးနှုန်း ပုံမှန်ရယူပေးနေပြီး အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ခြေစွမ်းကို ပြသနေခဲ့ပါတယ်။ 

ဒေါ့မွန်အတွက် စုစုပေါင်း ၆၈ ပွဲကစားပေးအပြီးမှာ သူ့ရဲ့သွင်းဂိုးက ၇၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ ၄၉ ပွဲမှာ ၄၉ ဂိုးအထိ ရရှိထားပြိး ကျန်သွင်းဂိုးတွေကိုတော့ ဥရောပပွဲစဉ်တွေနဲ့ ပိုကယ်ဖလားပြိုင်ပွဲကနေ ရယူထားနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိခြေစွမ်းက သူ့ကိုအလိုရှိနေတဲ့ အသင်းကြီးတွေကို ပိုမိုမက်မောလာစေဖို့ဖြစ်နေပြီး ဒေါ့မွန်အတွက်တော့ အသင်းမှာထိန်းသိမ်းထားနိုင်ဖို့ကို မနည်းကြိုးစားရတော့မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က