လာမယ့် ဒီဇင်ဘာပိတ်ရက်တွေမှာလည်း ဘွတ်ကင်တင်းထားတဲ့ ဧည့်သည်တွေရှိလို့နေပါတယ်။

နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုစတင်ခဲ့စဉ်ကတည်းက ခရီးသွားဝင်ရောက်လည်ပတ်မှုကိုပိတ်ထားခဲ့ရတဲ့ နောက်ချိုတိမ်ပင်လယ်စခန်းမှာ ခရီးသွားပြည်သူတွေနဲ့ ပြန်လည်စည်ကားစပြုလာပြီဖြစ်ပါတယ်။



မြို့နယ်အနေနဲ့ကတော့ တိမ်ပင်လယ်စခန်းကို တရားဝင်ပြန်လည်ဖွင့်ဖို့ ညွှန်ကြားထားခြင်းမရှိသေးပေမယ့် မြို့နယ်ဒေသခံတွေအနေနဲ့လာရောက်လည်ပတ်လျှက်ရှိသလို ညအိပ်လာတဲ့ ခရီးသွားဧည့်သည်တွေလည်း လာရောက်လည်ပတ်လျှက်ရှိတယ်လို့ သိရပါတယ်။

“ ခရီးသွားတွေကတော့ လာကြပါတယ်။ အောက်တိုဘာလကတည်းက ခရီးသွားတွေလာကြတာ။ အခုဒီဇင်ဘာလဆို တိမ်တွေနဲ့ အရမ်းလှနေပြီဆိုတော့ ပိုပြီးတော့လာကြတယ်။ အနီးပတ်ဝန်းကျင်ကလူတွေကတော့ ကြားရက်တွေမှာ လာရောက်လည်ပတ်ကြတယ်။ စနေ၊ တနင်္ဂနွေကတော့ ဧည့်သည်အများဆုံးပေါ့။ ပိတ်ရက်တွေမှာဆို အဝေးကလာတဲ့ ညအိပ်ဧည့်သည်တွေနဲ့ ပိုစည်တယ်” လို့ တိမ်ပင်လယ် စခန်းပိုင်ရှင် တစ်ဦးကပြောပါတယ်။

ကိုဗစ်မဖြစ်ခင်ကာလကဆိုရင် ပိတ်ရက်ကာလတွေမှာ ခရီးသွားဧည့်သည် တစ်ရက်ကို (၄၀၀)(၅၀၀)လောက်ထိရှိပြီး ဒီကာလမှာတော့ တစ်ရက်ကို (၈၀)၊(၉၀)လောက်သာရှိတယ်လို့သိရပါတယ်။

ဒေသတွင်းအပန်းဖြေလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ကလည်း လုပ်ငန်းလည်ပတ်ခွင့်တွေကို ပြန်လည်ခွင့်ပြုဖို့ သက်ဆိုင်ရာကို တင်ပြထားပေမယ့်လည်း အခုထိ အကြောင်းပြန်ခြင်းမရှိသေးတာကြောင့် လာရောက်လည်ပတ်တဲ့ ခရီးသွားအနည်းငယ်လောက်သာ ခွင့်ပြုလက်ခံနိုင်သေးတာဖြစ်တယ်လို့ ဆိုပါတယ်။

နောင်ချိုတိမ်ပင်လယ်စခန်းမှာဆိုရင် လာမယ့် ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးပိတ်ရက်အတွက်ကိုလည်း လာရောက်လည်ပတ်ဖို့အတွက် ဘွတ်ကင်တင်ထားတဲ့ ဧည့်သည်တွေရှိတယ်လို့လည်း သိရပါတယ်။

ညအိပ်လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် နေထိုင်စားသောက်မှုအတွက်ကိုလည်း သတ်မှတ်အခကြေးငွေတွေနဲ့ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ 

တိမ်ပင်လယ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာအနီးမှာတည်ရှိတာဖြစ်ပြီး ဒေသတဝိုက် တိမ်ပင်လယ်ကြည့်ရှုခံစားလို့ရမယ့် အပန်းဖြေစခန်း (၄)(၅)ခုလောက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


Share

က္က