အာတီတာရော ဂွါဒီယိုလာပါ ကာရေဂါရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ရာမှာ ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် နောက်ခံလူ ဂျေမီ ကာရေဂါဟာ ၎င်းရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ရွေးချယ်မှု ပြုလုပ်ရာမှာ အာဆင်နယ်နည်းပြ အာတီတာနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ကို အငြင်းပွားဖွယ် ချန်လှပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နှစ်သစ်ကူးအကြိုနေ့ညမှာ ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးကို ၇ မှတ်အထိ ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အာတီတာက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရရှိနိုင်ခြေနဲ့ပတ်သက်ပြီး ဖြေဆိုဖို့ ရှောင်လွှဲခဲ့ပြီး ရမှတ် ၇ မှတ် ကွာဟနေမှုက ဘာမှမဟုတ်ူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်ဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ပရီးမီးယားလိဂ်အိပ်မက်ကို မက်စေခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်းကတည်းက အမှတ်ပေးဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ယခုရာသီမှာတော့ ၁၄ ကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီ အထင်ကြီးဖွယ် ခြေစွမ်းပြသနေပြီး စီးတီးကလည်း ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အောင်ပွဲ ရရှိခဲ့ပေမယ့်လည်း အာတီတာရော ဂွါဒီယိုလာပါ ကာရေဂါရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ရာမှာ ငြင်းပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီ ကာရေဂါက ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံးနည်းပြအဖြစ် နယူးကာဆယ်လ် ယူနိုက်တက်နည်းပြ အက်ဒီ ဟောင်းကို သတ်မှတ်ခဲ့တာဖြစ်ပြီး အက်ဒီ ဟောင်းဟာ ငှက်ကျားတွေကို အံ့အားသင့်ဖွယ်ပုံစံနဲ့ ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယခုရာသီမှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ The Telegraph က ကော်လံမှာ ရေးသားရာမှာ "နယူးကာဆယ်ယူနိုက်တက်က ခေတ်သစ် ပထမပိုင်းမှာ ဘဏ္ဍာရေးပိုင်း တော်လှန်မှုရလဒ်ထက် နည်းပြပိုင်း အောင်မြင်မှုက ပိုမိုခဲ့ပါတယ်။ ကျွန်တော် တခြားနည်းပြတွေ လွန်ခဲ့တဲ့ ၁၂ လကျော်က စိန့် ဂျိမ်းစ်ပါ့ခ်က ဟောင်းရဲ့အလုပ်ထက် ပိုမိုကောင်းမွန်လိမ့်မယ်လို့ မယုံကြည်ပါဘူး။ ဆော်ဒီ အာရေဗျပိုင်ရှင်တွေက သူတို့ လက်လွှဲယူပြီးချိန်မှာ ဂွါဒီယိုလာ ဒါမှမဟုတ် ယာဂန် ကလော့ပ်တို့ကို စည်းရုံးခဲ့ရင် အသင်းက ပိုပြီးအားကောင်းတဲ့အနေအထားမှာ ရှိနေမှာမဟုတ်ပါဘူး"

"နယူးကာဆယ်လ်မှာ ငွေနဲ့ လုပ်ထားလို့ ရတာတွေပဲ များနေခဲ့ပြီး အဲဒါက နောက်ဆုံးမှာတော့ အသင်းကို ယူဆောင်သွားနိုင်မှာပါ။ အဲဒီမှန်ဘီလူးကနေတဆင့် ဟောင်းရဲ့အလုပ်ကို ဆုံးဖြတ်မယ်ဆိုရင် မတိကျသလို မျှတမှာမဟုတ်ပါဘူး။ သူက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးက ရေရင် ဒုတိယဖြစ်နေတဲ့အသင်းကို လိမ္မာပါးနပ်တဲ့ ဝယ်ယူမှုတွေနဲ့ သူ ဆက်ခံရတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကြီးကြီးမားမား တိုးတက်အောင် လုပ်ဆောင်ပေးတာတွေ ပေါင်းပြီး အဆင့် ၃ နေရာအထိ ရောက်အောင် ဦးဆောင်နိုင်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က