ဒီတစ်ပတ်အတွင်း MyJobs မှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက ရာထူးမြင့်ပြီး လစာကောင်းတဲ့ Top အဖြစ်ဆုံး အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ IT Strategy team - Senior Deputy Manager
ITပိုင်းဆိုင်ရာဘွဲ့ရ၊ လုပ်သက် ၆ နှစ်လောက်ရှိတဲ့ စီနီယာအဆင့်တွေအတွက် ရည်ရွယ်ပါတယ်။ နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကောင်းစွာနားလည်သေဘာပေါက်ပြီး အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်သူဖြစ်ရပါမယ်။ ဌာနအတွင်း လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အကြံပြုချက်တွေ ၊ လုပ်ဆောင်ချက်တွေ ပေးစွမ်းနိုင်သူဖြစ်ရပါမယ်။ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Assistant Chief Accountant
နေပြည်တော်မှာရှိတဲ့ TOYOTA အမှတ်တံဆိပ်ကားအရောင်းပြခန်းအတွက်အတွေ့အကြုံရင့်လက်ထောက်စာရင်းကိုင်တစ်ဦး လိုအပ်နေပါတယ်။ နေပြည်တော်မှာ အလုပ်လုပ်ကိုင်နိုင်သူများနဲ့ သင့်တော်ပါတယ်။ B. Com သို့မဟုတ် Finance နဲ့ Accounting Diploma ရှိတဲ့ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ ၃ နှစ်ရှိရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ကာ အင်တာနက်ကို ကောင်းမွန်စွာအသုံးပြုတတ်သူဖြစ်ရပါမယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။ Branch Manager ( Tractor sale)
အသက် ၃၀ ကနေ ၄၀ အတွင်း ရုပ်ရည်သန့်ပြန့်ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ကာ Sales manager အဖြစ် ၂ နှစ်အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။ ဘယ်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး သိပ္ပံတွဲ သို့မဟုတ် စီးပွားရေး သို့မဟုတ်အင်ဂျင်နီယာဘွဲ့ ဦး စားပေးခန့်ထားမှာဖြစ်ပါတယ်။ အရောင်းဌာနခွဲအားလုံးကို ဦးဆောင်စီမံရမယ့်သူဖြစ်တဲ့အတွက် နှစ်စဉ်အရောင်းအစီအစဉ်၊ ဘတ်ဂျတ် နဲ့ target တွေကို ရေးဆွဲနိုင်သူဖြစ်ရပါမယ်။ ကားမောင်းလိုင်စင်ရှိဖို့လိုပြီး ခရီးသွားလာနိုင်သူဖြစ်ရပါမယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
cayugaccaa.olhblogspot.com
၄။Full Stack Developer
နာမည်ကြီးကုမ္ပဏီတစ်ခုမှာ Lead Software Developer တစ်ဦးအလိုရှိနေပြီး လစာကတော့ ၂၅သိန်းကနေ သိန်း ၃၀ ကြားရရှိမှာဖြစ်ပါတယ်။ ဘယ်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး နည်းပညာဘွဲ့ရတွေကို ပိုမိုဦးစားပေးခန့်ထားမှာပါ။ mobile applications (Android/IOS) တွေတည်ဆောက်ခြင်းနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ၊ AWS Cloud server၊ Ionic/React (HTML/JSS/JavaScript)စတာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ deadlines အမီ အလုပ်လုပ်နိုင်သူဖြစ်ဖို့ လိုအပ်ပြီး ပြဿနာတွေ၊ စိန်ခေါ်မှုတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်တတ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။ Operation Team Leader
Sales ပိုင်းမှာ လုပ်ငန်းအတွေ့အကြုံ ၄ နှစ်လောက်ရှိသူဖြစ်ရပါမယ်။ ဘယ်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး အင်္ဂလိပ်ဘာသာစကားပြောဆိုနိူင်သူဖြစ်ရင် ပိုကောင်းပါတယ်။ food delivery team ကို အဓိက ဦးဆောင်စီမံရမှာဖြစ်တဲ့အတွက် Food Delivery နဲ့ Restaurant ပိုင်းတွေမှာ အတွေ့အကြုံရှိသူတွေ ပိုသင့်တော်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။