In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေကန ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Assistant Manager-Revenue Assurance

IT & Telecoms လောကထဲ လက်ထောက်မန်နေဂျာရာထူးအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှာ ဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး အလုပ်အကိုင်အတွေ့အကြုံ ၄ နှစ်ရှိဖို့လိုအပ်ပါတယ်။ လစာကတော့ အလုပ်အကိုင်အတွေ့အကြုံအရ ၈သိန်းကနေ ၁၀ သိန်း ထိရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပါ။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။ Assistant Chief Accountant

Accounting ပိုင်းဆိုင်ရာ ဘွဲ့ရရှိသူတွေအတွက် အထူးသင့်လျော်ပြီး လုပ်သက်အတွေ့အကြုံ ၄နှစ်ကျော်လောက် ရှိထားရပါမယ်။ ကွန်ပျူတာကျွမ်းကျင်ပိုင်နိုင်သူဖြစ်ဖို့လိုပြီး  Excel နဲ့ Accounting Software တွေကို ပိုင်နိုင်စွာ အသုံးပြုတတ်ရပါမယ်။ ပြောဆိုဆက်ဆံမှုပိုင်းဆိုင်ရာလည်း ကောင်းမွန်သူဖြစ်ဖို့ လိုပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

 ၃။HR Manager

HR လုပ်ငန်းစဉ်တွေကို ကောင်းစွာသဘောပေါက်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အဆင်ပြေချောမွေ့အောင် လုပ်ကိုင်ဆောင်ရွက်နိုင်သူများ လျှောက်ထားနိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရမှာဖြစ်ပြီး ပြောဆိုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကား ပြောဆိုနိုင်သူဖြစ်လျှင် ပိုသင့်လျော်ပါတယ်။ လုပ်သက် ၃ နှစ်အတွေ့အကြုံ ရှိဖို့ လိုအပ်ပါတယ်။လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

cayugaccaa.olhblogspot.com

၄။AGM's Secretary

အသက် ၂၂ နှစ်ကနေ ၃၀ အတွင်း အမျိုးသမီးများ လျှောက်ထားနိုင်ပါတယ်။ မည်သည့် ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး ထိုင်းဘာသာစကား Four Skills ကောင်းမွန်သူဖြစ်ရပါမယ်။ MS Word၊ Excel ၊ Page Maker ၊ PowerPoint ၊ Email နဲ့ Internet ကျွမ်းကျင်ဖို့လိုအပ်ပြီး ရုပ်ရည်ပြေပြစ်ချောမောသူ စကားပြောဆို ပြေပြစ်သူဖြစ်ရင် ပိုကောင်းပါတယ်။ Secretary ရာထူးကို အနည်းဆုံး ၂နှစ် ထမ်းဆောင်ဖူးသူဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။ Production Manager

အတွေ့အကြုံရှိတဲ့ Production Manager ၃ ဦးအလိုရှိနေပါတယ်။  Production field ထဲမှာ လုပ်သက် အနည်းဆုံး ၄ နှစ်ရှိရပါမယ်။ Engineering ဘွဲ့ရ ဒါမှမဟုတ် စီးပွားရေးဆိုင်ရာဘွဲ့ရတွေ လျှောက်ထားနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံခြားသားတွေနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သူတွေ ဖြစ်ဖို့ လိုပါတယ်။ အလုပ်ဖိအားတွေကြား အလုပ်လုပ်နိုင်သူ ၊ ကောင်းစွာ စီမံခန့်ခွဲနိုင်သူ ၊ ပြဿနာတွေကို စိတ်ရှည်ရှည် ဖြေရှင်းနိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 

Share

Loading Next Article...
က္က