In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေ‌ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Assistant After Sales Service Manager 

မည်သည့်ဘွဲ့ရ မဆိုလျှောက်ထားနိုင်ပြီး B.Tech နဲ့ B.E (Mechanical, Mechatronics) များလည်း လျှောက်ထားနိုင်ပါတယ်။ Automotive Industry မှာ ကြီးကြပ်ကွပ်ကဲမှုအတွေ့အကြုံ အနည်းဆုံး ၄ နှစ်ရှိရပါမယ်။ ခရီးသည်တင်ယာဉ်မောင်းလိုင်စင်ရှိဖို့ လိုပြီး manual ရော auto ပါရတဲ့သူဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်ဘာသာစကားကောင်းမွန်လျှင်ပိုကောင်းပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။ Customer Development Manager (FMCG)

FMCG နယ်ပယ်တွေမှာ လုပ်သက် ၅ နှစ်ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ လူသုံးကုန်တွေကို ရောင်းအား နဲ့ ဖြန့်ဖြူးမှုပိုင်းဆိုင်ရာတွေ အားကောင်းစေဖို့ ကောင်းမွန်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ရှိသူ ၊ supplier နဲ့ customer များကြား ကောင်းမွန်စွာ ပြောဆိုဆက်ဆံစီမံခန့်ခွဲနိုင်သူ ၊ sales အဖွဲ့ကို ထိထိရောက်ရောက် ပံ့ပိုးနေနိုင်သူ ဖြစ်ရပါမယ်။ Customer Development ကို ကောင်းမွန်စွာ ကိုင်တွယ်စီမံနိုင်သူလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

 ၃။Intellectual Property Associate-IP Associate 

နိုင်ငံတကာဥပဒေအဖွဲ့အစည်းတစ်ခုအတွက် IP Associate အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်မယ့်သူကို ရှာဖွေနေတာဖြစ်ပြီး လစာ ၁၀ သိန်းကနေ ၁၅ သိန်းကြားရရှိမယ့် အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပကုန်အမှတ်တံဆိပ်လျှောက်ထားခြင်း၊ မှတ်ပုံတင်ခြင်း၊ ကုန်အမှတ်တံဆိပ်ဖျက်သိမ်းခြင်း စတာတွေအတွက် ဝန်ဆောင်မှုပေးတာ ၊ အကြံပေးတာ စတာတွေကို ပြုလုပ်ဆောင်ရွက်ရမှာပါ။ ဉပဒေဘွဲ့ရဖြစ်ဖို့လိုပြီး နည်းပညာပိုင်းဆိုင်ရာတွေကို နားလည်တတ်ကျွမ်းအသုံးပြုနိုင်သူဖြစ်ရပါမယ်။ သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက် ၃နှစ်ကနေ ၅နှစ်အတွင်းရှိသူဖြစ်ဖို့ လိုပြီး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ရပါမယ်။ လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။Assistant General Manager

မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး MBA ဘွဲ့ရတွေကို ပိုဦးစားပေးပါမယ်။ အသက်အနည်းဆုံး ၃၀ နှစ်အထက်ဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုင်းဘာသာစကားကို Four Skills ကျွမ်းကျင်ရပါမယ်။ computer skills တွေဖြစ်တဲ့ Calendar tools ၊ email ၊ Microsoft Office products ၊ power point presentation ၊ excel advance စတာတွေကို အသုံးပြုတတ်ရပါမယ်။ Management Level မှာ အနည်းဆုံးကြီးကြပ်ရေးအတွေ့အကြုံ ၅ နှစ်ရှိဖို့ လိုအပ်ပြီး အရောင်းနှင့်စျေးကွက်ရှာဖွေရေး ၊ အချိန်စီမံခန့်ခွဲမှုကျွမ်းကျင်မှု၊ခေါင်းဆောင်မှုအရည်အချင်းတွေရှိဖို့ လိုအပ်ပါတယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။ Finance Manager

အတွေ့အကြုံ ၁၀ နှစ်နီးပါးရှိတဲ့ Senior level အဆင့် Finance Manager တစ်ဦးအလိုရှိနေပါတယ်။ ငွေရေးကြေးရေးနှင့်အခွန်ကောက်ခံမှုတို့နှင့်ပတ်သက်တဲ့ ဉပဒေတွေ၊ စာရင်းကိုင်အခြေခံမူတွေ၊ ဘဏ် principles ရေးဆိုင်ရာအခြေခံမူတွေ၊ technical accounting skills နဲ့ Microsoft office တွေကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရပါမယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ ၊ ပြဿနာဖြေရှင်းနိုင်သူ ၊ အကြံကောင်းများပေးနိုင်သူ ၊ ခေါင်းဆောင်မှုအရည်အချင်း ပြည့်ဝသူဖြစ်ဖို့လိုပါတယ်။ အင်္ဂလိပ်ဘာသာစကားလည်း ကောင်းမွန်ရပါမယ်။ စီမံခန့်ခွဲနိုင်သူ ၊ ပြဿနာတွေကို စိတ်ရှည်ရှည် ဖြေရှင်းနိုင်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က