ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Hire Purchase Manager
မည်သည့်ဘွဲ့ရ မဆိုလျှောက်ထားနိုင်ပြီး Hire Purchase loans နယ်ပယ်မှာ အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိဖို့ လိုအပ်ပါတယ်။ လစာ ၁၅ သိန်းကနေ သိန်း ၂၀ အတွင်း ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာမှာ ပြေပြစ်ကောင်းမွန်သူ ၊ အရောင်းပိုင်းကျွမ်းကျင်သူ၊ ညှိနှိုင်းဆွေးနွေးမှုများကို ကောင်းစွာကိုင်တွယ်နိုင်သူ ဖြစ်ရပါမယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Admin Executive
Admin ပိုင်းဆိုင်ရာ အလုပ်အကိုင်ကို ရှာဖွေနေကြတဲ့သူတွေအတွက်ဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး အလုပ်ဖိအားတွေကြားမှာ ကောင်းစွာစီမံကိုင်တွယ်နိုင်သူဖြစ်ရပါမယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ပြီး customer service ပိုင်းကိုလည်း စိတ်ဝင်တစားရှိရင် ပိုကောင်းပါတယ်။ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။Marketing Manager
လစာ ၂၅ သိန်းကနေ သိန်း ၃၀ ကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ စျေးကွက်ရှာဖွေရေးကျွမ်းကျင်သူ ၊ ဘတ်ဂျတ်များကို စီမံရေးဆွဲနိုင်သူ ၊ branding ပိုင်းဆိုင်ရာကို ကောင်းကောင်း စီမံခန့်ခွဲနိုင်သူဖြစ်ရပါမယ်။ လုပ်သက်အနေနဲ့ကတော့ ၅နှစ်အထက် ရှိဖို့လိုပါတယ်။ Social marketing ပိုင်းကိုလည်း ကျွမ်းကျင်ဖို့ လိုအပ်ပြီး အင်္ဂလိပ်ဘာသာစကားကို Business level အထိတတ်မြောက်သူဖြစ်ရပါမယ်။ လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
franchising.com
၄။Assistant General Manager ( Thai Language Essential)
လစာ သိန်း ၄၀ ကနေ သိန်း ၅၀ ကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပဲဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး MBA ဘွဲ့ရတွေကို ပိုဦးစားပေးပါမယ်။ အသက်အနည်းဆုံး ၃၀ နှစ်အထက်ဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုင်းဘာသာစကားကို Four Skills ကျွမ်းကျင်ရပါမယ်။ computer skills တွေဖြစ်တဲ့ Calendar tools ၊ email ၊ Microsoft Office products ၊ powerpoint presentation ၊ excel advanced စတာတွေကို အသုံးပြုတတ်ရပါမယ်။ Management Level မှာ အနည်းဆုံးကြီးကြပ်ရေးအတွေ့အကြုံ ၅ နှစ်ရှိဖို့ လိုအပ်ပြီး အရောင်းနှင့်စျေးကွက်ရှာဖွေရေး ၊ အချိန်စီမံခန့်ခွဲမှုကျွမ်းကျင်မှု၊ခေါင်းဆောင်မှုအရည်အချင်းတွေရှိဖို့ လိုအပ်ပါတယ်။မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။ MEDICAL PRODUCT SPECIALIST
အသက် (၃၀) နှစ်အောက် M.B., B.S. ဘွဲ့ရဖြစ်ဖို့ လိုပါတယ်။ အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုအပြည့်ရှိပြီး အသင်းအဖွဲ့နဲ့ လုပ်ကိုင်နိုင်သူ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမယ်။ မြိတ် ၊ ပုသိမ် ၊ မော်လမြိုင် ၊ လားရှိုး ၊ ပြည် နဲ့ မကွေး စတဲ့ အရပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ဖို့ လိုပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။