In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။



ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

၁။ Trade Marketing Manager 

လစာ ၁၀သိန်းကနေ ၁၅သိန်းကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး marketing & management field ပိုင်းဆိုင်ရာကသူတွေကို ပိုဦးစားပေးမှာဖြစ်ပါတယ်။ sales & marketing field ပိုင်းမှာ အနည်းဆုံး ၆ နှစ်အထက် လုပ်သက်ရှိသူဖြစ်ရပါမယ်။ ခေါင်းဆောင်မှုစွမ်းရည်၊ စကားပြောဆိုမှုပိုင်းဆိုင်ရာစွမ်းရည် နဲ့ အင်္ဂလိပ်ဘာသာစကားကောင်းမွန်ရပါမယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။ Warehouse Manager 

လစာ ၈သိန်းကနေ ၁၀ သိန်းကြားရရှိနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး Logistic management ဘွဲ့ရ သို့ ကျောင်းဆင်းလက်မှတ်ရှိသူတွေနဲ့ ပိုသင့်တော်ပါတယ်။ အသက် ၃၀ နှစ်အထက် ရှိရမှာဖြစ်ပြီး Warehouse field မှာ ၅နှစ် လုပ်သက်ရှိရပါမယ်။ Microsoft Office (Word, Excel) နဲ့ Email ၊ Internet စတာတွေကို ကျွမ်းကျင်ပိုင်နိုင်သူ ၊ deadlines အမှီအလုပ်လုပ်နိုင်သူ၊ ဖိအားတွေအောက် အလုပ်လုပ်နိုင်သူ ဖြစ်ဖို့ လိုပါတယ်။ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

 ၃။Human Resource Manager

HR ပိုင်းကျွမ်းကျင်သူတွေအတွက် လစာ ၈သိန်းကနေ ၁၀ သိန်းအတွင်း ရရှိစေနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖြစ်ပါတယ်။ Human Resource Management ပိုင်း ဘွဲ့ရထားသူများနဲ့ သင့်လျော်ပါတယ်။ ရုံးပိုင်းဆိုင်ရာ HR စည်းမျဉ်းစည်းကမ်းတွေကို နားလည်သူ၊ HR software တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သူ၊ ဆက်ဆံရေးပြေပြစ်သူ အသက် ၄၀ နှစ်ထက် မကြီးသူဖြစ်ရပါမယ်။ လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။Business Development Executive

logistics sector ပိုင်းမှာ လုပ်သက် ၂ နှစ်အထက်ရှိပြီး အင်္ဂလိပ်ဘာသာစကား ကောင်းမွန်သူဖြစ်ဖို့ လိုပါတယ်။ လစာအားဖြင့်တော့ ၈သိန်းကနေ ၁၀ သိန်းကြားရရှိမှာဖြစ်ပြီး clients တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်နိုင်သူဖြစ်ဖို့လိုပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပါတယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 


၅။  Accountant (Cash)

financial transactions တွေ စာရင်းသွင်းတာ ၊ financial documents တွေ စိစစ်တာ၊ daily cash transactions တွေ လုပ်ဆောင်ပေးတာ စတာတွေနဲ့အတူ Finance Manager ပေးအပ်တဲ့ တာဝန်တွေကို တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ လစာအားဖြင့်တော့ ၄သိန်းကနေ ၆သိန်းထိ ရရှိနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 

Share

Loading Next Article...
က္က