ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Accountant
လစာ ၆ သိန်းကနေ ၈ သိန်းကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ လုပ်သက် ၂ နှစ်အထက် ရှိဖို့လိုအပ်ပြီး ငွေရေးကြေးရေးစာရွက်စာတမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို စစ်ဆေးေပးတာ ၊ ဘဏ်ရှင်းတမ်းတွေကို ညှိနှိုင်းပေးတာနဲ့ အခွန်ကိစ္စတွေနဲ့ ပြန်ရငွေများတွက်ချက်တာတွေကို ပြုလုပ်ပေးရမှာပါ။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Manager, Data Analytics (FMCG)
reports and analysis တွေ၊ စီးပွားရေးအချက်အလက်တွေ၊ MS Power BI တွေနဲ့ အတွေ့အကြုံအများကြီးရှိပြီး လုပ်သက်အားဖြင့် ၄နှစ်လောက် ရှိဖို့ လိုအပ်ပါတယ်။ MS Office Application (MS Excel) ၊ (MS PowerPoint) စတာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်သလို စကားပြောပြေပြစ်ကောင်းမွန်သူ ၊ presentation ကောင်းကောင်းလုပ်နိုင်သူဖြစ်ရပါမယ်။ လူအများနဲ့ ပူးပေါင်းလုပ်ဆောင်အားကောင်းတဲ့သူဖြစ်ဖို့ လိုပါတယ်။ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။Showroom Manager
ဒီအလုပ်အကိုင်အခွင့်အလမ်းကတော့ လစာ ၁၀သိန်းကနေ ၁၅ သိန်း ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းပါ။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး Showroom ပိုင်းစီမံခန့်ခွဲမှုမှာ လုပ်သက် ၅ နှစ်လောက် ရှိသူဖြစ်ဖို့ လိုအပ်ပါတယ်။ အရောင်းတိုးတက်ဖို့၊ ဝန်ထမ်းတွေတင်ပြတဲ့ စာရင်းတွေကို စီမံခန့်ခွဲဖို့ ၊ sales target တွေအမီပြုလုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
franchising.com
၄။Territory Sales Executive
လစာ ၈သိန်းကနေ ၁၀သိန်း ရရှိနိုင်တဲ့ လစာအခွင့်အလမ်းဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ သွားရောက် လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် နယ်မြေပြောင်းလုပ်ကိုင်နိုင်သူ ဒါမှမဟုတ် ကရင်ပြည်နယ်နေထိုင်သူများနဲ့ သင့်တော်ပါတယ်။ အရောင်းပိုင်း ၊ ဖြန့်ဖြူးရေးပိုင်း နဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ ၅နှစ်အတွေ့အကြုံရှိဖို့ လိုပါတယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။Media Manager
ရုပ်ရှင်ထုတ်လုပ်တာ၊ ဗွီဒီယိုတည်းဖြတ်တာ၊ ဂရပ်ဖစ်ဒီဇိုင်းဆွဲတာ စတာတွေကို ကျွမ်းကျင်သူ Media Manager တစ်ဦးအလိုရှိပါတယ်။ တောင်ကြီးမြို့မှာ အလုပ်လုပ်နိုင်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကားကောင်းမွန်ဖို့ လိုသလို စကားအပြောအဆို ပြေပြစ်ကောင်းမွန်သူများနဲ့ သင့်တော်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။