In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။Sales & Marketing Manager

ဆေးဝါးပိုင်းအတွက် Sales & Marketing Manager အလိုရှိနေတာဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး စီမံခန့်ခွဲမှုအပိုင်းမှာ ကျွမ်းကျင်အဆင့်ရှိဖို့လိုအပ်ပါတယ်။ အလုပ်အကိုင်အတွေ့အကြုံ ၅နှစ်ရှိသူများလျှောက်ထားနိုင်ပြီး စကားပြောဆိုဆက်ဆံမှု ကောင်းမွန်သူ၊ ပြဿနာများကို ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ 

စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။ HR Executive

HR Executive နှစ်ဦးအလိုရှိနေတာဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး HR ပိုင်းမှာ ၄နှစ်လောက် အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။ HR ဒီပလိုမာသင်တန်းဆင်းလက်မှတ်ရှိသူတွေနဲ့ ပိုသင့်တော်ပါတယ်။ HR ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သေချာနားလည်သဘောပေါက်ပြီး  

ပေါင်းသင်းဆက်ဆံရေးနှင့်စေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကောင်းမွန်သူဖြစ်ဖို့လိုပါတယ်။ ဆက်ဆံရေးပြေပြစ်သူ၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိသူတွေအနေနဲ့ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။ MEP Engineer

Mechanical ဒါမှမဟုတ် Electrical Engineering ဘွဲ့ရရှိထားသူတွေ လျှောက်ထားနိုင်ပါတယ်။ အသက် ၂၅ နဲ့ ၃၀ ဝန်းကျင်ရှိဖို့လိုပြီး MEP ဆိုက်နဲ့ပတ်သက်တဲ့ အလုပ်အတွေ့အကြုံ ၅ နှစ်ရှိဖို့ လိုအပ်ပါတယ်။ Autocad နဲ့ Excel ကိုကောင်းစွာနားလည်သူဖြစ်ကာ တက်ကြွပြီး အလုပ်အပေါ်စိတ်အားထက်သန်သူဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။Preschool Teacher



ကလေးချစ်တတ်ပြီး ကလေးတွေအပေါ် စိတ်ရှည်သည်းခံနိုင်သလို သီချင်းဆိုတာ ၊ ကတာ တွေကို ခုံမင်နှစ်သက်သူဖြစ်ရပါမယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြေပြစ်ပြီး အင်္ဂလိပ်ဘာသာစကားကိုလည်း ပြောနိုင်၊ ရေးနိုင် ၊ သင်ကြားနိုင်သူဖြစ်ဖို့ လိုပါတယ်။ ၁နှစ်ခွဲ ကနေ ၆နှစ်အရွယ်ကလေးတွေကို သင်ကြားပေးရမှာဖြစ်တဲ့အတွက် မိဘ၊ ကျောင်းသား ၊ ဆရာ ပူးပေါင်းသင်ကြားပေးနိုင်သူဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။ IT Manager

လစာ ၁၀ သိန်းကနေ ၁၅သိန်းကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Computer Engineering ၊ Computer Science နဲ့ Information Technology စတဲ့ ဘွဲ့ရရှိထားသူတွေနဲ့ ပိုသင့်တော်ပါတယ်။ တီထွင်မှုအားကောင်းပြီး သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက် အတွေ့အကြုံ အနည်းဆုံး ၅နှစ်ရှိရပါမယ်။ အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ဖို့လိုပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 

Share

Loading Next Article...
က္က