In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Mobile Software Tester

လစာ ၄သိန်းကနေ ၆သိန်းထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ ပညာအရည်အချင်း အထက်တန်းအောင် (သို့မဟုတ် )ဘွဲ့ရများလည်း လျှောက်ထားနိုင်ပြီး Computer or Technology Major သမားတွေအတွက် ပိုသင့်တော်ပါတယ်။ mobile phone software ကျွမ်းကျင်သူများလျှောက်ထားသင့်ပြီး လုပ်သက် ၃နှစ်ရှိဖို့ လိုပါတယ်။ 

စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။  Sales Manager

လစာ ၆သိန်းကနေ ၈သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ အသက်အားဖြင့် ၃၀ကနေ ၄၅ အတွင်းရှိရမှာဖြစ်ပြီး BE, B Tech, AGTI (Mechatronic, Mechanical Power, Electrical Power) ဘွဲ့ရများ ပိုသင့်တော်ပါတယ်။ အရောင်းလောကမှာ ၈နှစ် လုပ်သက်ရှိဖို့လိုပြီး အင်္ဂလိပ်ဘာသာစကားလည်း ထူးချွန်ရပါမယ်။ ရောင်းအားတက်အောင် ပြုလုပ်နိုင်သူဖြစ်ကာ  people management skills နဲ့  Teamwork ကို ကောင်းကောင်းဦးဆောင်နိုင်သူဖြစ်ရပါမယ်။ 

လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။ QC Head

လစာ ၁၀သိန်းကနေ ၁၅သိန်းကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ နေပြည်တော်မှာ လုပ်ကိုင်ရမှာဖြစ်ပြီး  Chemical၊  Biochemistry၊ Industrial Chemistry နဲ့ ဆက်စပ်ဘွဲ့ရများလျှောက်ထားနိုင်ပါတယ်။  Food Industry Management ပိုင်းမှာ လုပ်သက် ၅နှစ်ရှိဖို့လိုပြီး အစားအသောက်အရည်အသွေးစိစစ်မှုနဲ့ပတ်သက်တဲ့ ဗဟုသုတကောင်းကောင်းရှိကာ ISO၊ GMP ၊ HACCP စတာတွေနဲ့ပတ်သက်ပြီး ပးအတွေ့အကြုံရှိရပါမယ်။ 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ  မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 


franchising.com

၄။ Services Delivery Engineer

လစာ ၆သိန်းကနေ ၈သိန်းကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ engineering နဲ့  computer science ဘွဲ့ရတွေလျှောက်ထားနိုင်ပြီး လုပ်သက်အားဖြင့် ၂နှစ်ကနေ ၄နှစ်ကြားရှိရပါမယ်။LTE networks ပိုင်းဆိုင်ရာအတွေ့အကြုံ နဲ့ ဗဟုသုတဆိုင်ရာ အားကောင်းဖို့လိုပါတယ်။

မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။ Chief Engineer

Mechanical Engineer အဖြစ် ၁၀နှစ်လုပ်ကိုင်ဖူးသူ Engineering ဘွဲ့ရသို့မဟုတ် ဆက်စပ်ကျွမ်းကျင်သူဖြစ်ရင် ပိုသင့်တော်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြေပြစ်သူဖြစ်ပြီး  presentation skills လည်း ကောင်းမွန်သူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 


Share

Loading Next Article...
က္က