In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Senior Developer

လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။အင်ဂျင်နီယာဘွဲ့ရဖြစ်ပြီး လုပ်သက် ၃ နှစ်ရှိသူဖြစ်ရပါမယ်။ Professional ဆန်ပြီး အပြောအဆိုပြေပြစ်ကောင်းမွန်သူ ၊လုပ်ငန်းအတွေ့အကြုံ ၊ နည်းပညာဆိုင်ရာ အတွေ့အကြုံ ဗဟုသုတရှိရပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။ Business Development Executive

လစာ ၈ သိန်းကနေ ၁၀ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ အသက်အားဖြင့် ၂၅ ကနေ ၃၅ အတွင်းရှိရမှာဖြစ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ ဒါမှမဟုတ် မည်သည့မည်သည့်ဘွဲ့ရများမဆို လျှောက်ထားနိုင်ပါတယ်။ Business Development ပိုင်းဆိုင်ရာ (ဒါမှမဟုတ်) Electrical Power Industries' (Generation & Transmission) Business Development ပိုင်းဆိုင်ရာမှာ လုပ်ကိုင်ဖူးသူတွေနဲ့ အထူးသင့်တော်ပါတယ်။ English 4 Skills ကောင်းမွန်ရမှာဖြစ်ပြီး MS Word ၊ Excel ၊ Powerpoint နဲ့  Email/Internet ကွန်ပျူတာ ကျွမ်းကျင်ရပါမယ်။ 

လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။ Business Development Manager

လစာ ၁၅သိန်းကနေ သိန်း ၂၀ ကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရ မဆို လျှောက်ထားနိုင်ပြီး  MBA ဘွဲ့များကို ပိုမိုဦးစားပေးမှာဖြစ်ပါတယ်။ အသက် 35-45 နှစ်အတွင်းဖြစ်ရပါမယ်။ Business Development Field မှာ အတွေ့အကြုံ 10 နှစ်အထက်ရှိရမှာဖြစ်ပြီး Electrical Power Industries' (Generation & Transmission) Business Development တွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်လျှင် ပိုမိုသင့်တော်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ  မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။ Sales Consultant

လစာ ၄သိန်းကနေ ၆သိန်းကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ အရောင်းလောကမှာ လုပ်သက် အနည်းဆုံး ၄နှစ်ရှိရပါမယ်။ အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်ရမှာဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ၊ ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု၊ ဆွေးနွေးညှိနှိုင်းမှုစွမ်းရည်နဲ့  တင်ပြမှုစွမ်းရည် ကောင်းမွန်ရပါမယ်။ ကွန်ပျူတာကျွမ်းကျင်မှု (Microsoft Office၊ Internet & Email) ရှိဖို့ လိုအပ်ပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။ Software Engineer

သက်ဆိုင်ရာနယ်ပယ်က ဘွဲ့ရရှိထားသူ ၊ အထူးပြုလက်မှတ်များရရှိထားသူတွေ လျှောက်ထားနိုင်ပြီး အတွေ့အကြုံအနည်းဆုံး ၂ နှစ်ရှိရပါမယ်။ SQL အသိပညာအပြင် RDBMS (e.g., Oracle/PostgreSQL DB)နဲ့ ပတ်သက်ပြီးလည်း အတွေ့အကြုံရှိဖို့ လိုပါတယ်။ Professionalဆန်ဆန် လုပ်ကိုင်နိုင်သူဖြစ်ကာ အပြုသဘောဆန်တဲ့ ပြောဆိုဆက်ဆံမှုရှိသူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 


Share

Loading Next Article...
က္က