In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Logistics Procurement Manager

လစာ ၁၅ သိန်းကနေ သိန်း ၂၀ ထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ logistics  ပိုင်းမှာ အတွေ့အကြုံ ၄နှစ်လောက်ရှိသူ ဖြစ်ရပါမယ်။ supply chain ဘက်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတရှိရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။Sales Manager 

လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရများမဆို လျှောက်ထားနိုင်ပြီး ပဲခူးမြို့မှာ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမယ်။ Area Sales Manager အဖြစ် လုပ်သက် ၂ နှစ်အနည်းဆုံးဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကား ဒါမှမဟုတ် တရုတ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူ ၊ Mobile Market နဲ့ ပတ်သက်တဲ့ ဗဟုသုတရှိဖို့လိုသလို MS Word ၊ Excel ၊ Powerpoint နဲ့  Email/Internet ကွန်ပျူတာ ကျွမ်းကျင်ရပါမယ်။ 

လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။ Senior Chief Accountant 

လစာ ၁၀ သိန်းကနေ ၁၅ သိန်း ကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Accounting နဲ့ Finance စတဲ့ သက်ဆိုင်ရာဘွဲ့ရဖြစ်ဖို့ လိုပြီး CPA (Myanmar or ASEAN) ဒါမှမဟုတ်  ACCA (fully qualified and completed) စတာတွေရှိဖို့ အပြင် စာရင်းကိုင်နယ်ပယ်တွင် အနည်းဆုံး ၈ နှစ်အတွေ့အကြုံရှိသူဖြစ်ရပါမယ်။ အသက် 35-45 နှစ်အတွင်းရှိသူဖြစ်ပြီး Accounting Management ပတ်ဝန်းကျင်မှာ Leadership position နဲ့ ၃ နှစ်ခန့် လုပ်ကိုင်ဖူးသူဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ  မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။ Senior System Engineer

လစာ ၆ သိန်းကနေ ၈ သိန်းကြားရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Java Foundation နဲ့ Java Web Application Development ပိုင်းဆိုင်ရာ ဗဟုသုတပိုင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်ရပါမယ်။ · ပရောဂျက်အချိန်ဇယားဆွဲခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်း ဒါမှမဟုတ် တိုးတက်မှုနဲ့  ပြဿနာတွေကို  စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေ့အကြုံ ရှိသူ ဖြစ်ရပါမယ်။ Java နည်းပညာကို အသုံးပြုကာ  Project Management နဲ့ System Development ကို စိတ်ပါဝင်စားပြီး Cloud၊ Informatics တို့  နည်းပညာအသစ်တွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုရှိရှိအလုပ်လုပ်ချင်သူ ၊ အသင်းအဖွဲ့နဲ့  တက်ကြွစွာ လုပ်ဆောင်နိုင်သူ၊ ပြဿနာဖြေရှင်းနိုင်သူ၊ ပြောဆိုဆက်ဆံရေးကျွမ်းကျင်သူ၊ System Development နယ်ပယ်မှာ  အတွေ့အကြုံ 4 နှစ်နှင့်အထက်ရှိသူဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။QS Engineer

လစာ ၄ သိန်းကနေ ၆ သိန်းကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ civil engineering ဒါမှမဟုတ် AGTI Civil ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဘွဲ့ရရှိထားသူ ၊ · Quantity Surveying အထူးပြုလက်မှတ်များရရှိထားသူတွေ လျှောက်ထားနိုင်ပြီး အတွေ့အကြုံအနည်းဆုံး ၄ နှစ်ရှိရပါမယ်။ MS office applications ၊  MS Project application၊  AutoCAD applications နဲ့ other applicationsတွေနဲ့ ပတ်သက်ပြီးလည်း အသိအမှတ်ပြုလက်မှတ်ရထားသူဖြစ်ရပါမယ်။  Professionalဆန်ဆန် လုပ်ကိုင်နိုင်သူဖြစ်ကာ အပြုသဘောဆန်တဲ့ ပြောဆိုဆက်ဆံမှုရှိသူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 


Share

Loading Next Article...
က္က