ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ Sales Admin Manager
လစာ ၆ သိန်းကနေ ၈ သိန်း ထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၅နှစ်ရှိရပါမယ်။ အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်ဖို့ လိုသလို Microsoft Office (Word, Excel) စတာတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရပါမယ်။ deadlines အမီအလုပ်လုပ်နိုင်ပြီး ဖိအားတွေအောက်မှာသေချာ ကိုင်တွယ်တတ်သူဖြစ်ဖို့လိုပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။Project Manager
လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ BE (Civil) ဘွဲ့ရများလျှောက်ထားနိုင်ပြီး Project Site & Construction ပိုင်းမှာ ၁၀နှစ် အတွေ့အကြုံရှိရပါမယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ ၊ စကားပြောပြေပြစ်သူ ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။ တာဝန်ကျရာ ဘယ်နေရာဒေသမှာမဆို သွားရောက်လုပ်ကိုင်နိုင်ရပါမယ်။
လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။ Cutting Manager
လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး အသက် (၃၀)နှစ် အထက်ရှိသူ ၊ အထည်ချုပ်စက်ရုံ Cutting Manager ရာထူးဖြင့် လုပ်သက် (၃)နှစ်ရှိသူများ လျှောက်ထားနိုင်ပါတယ်။အထည်ချုပ်စက်ရုံရဲ့ Cutting ပိုင်းမှာ Auto Machine ၊ Auto Markerတွေနဲ့ Cutting Process တွေကို ကျွမ်းကျင်စွာ စီမံလုပ်ကိုင်နိုင်ရပါမယ်။ ဝန်ထမ်းတွေကို ကောင်းစွာအုပ်ချုပ်နိုင်ပြီး လုပ်ငန်းအဆင်ပြေချောမွေ့အောင် အချိန်မီ စီစဉ်ပေးနိုင်ပါမယ်။ လှိုင်သာယာစက်မှုဇုံတွင် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
franchising.com
၄။ Warehouse Manager
မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံ ၈ နှစ်ရှိသူဖြစ်ရပါမယ်။ warehouse team ကို ဦးဆောင်နိုင်သူ၊ အလုပ်ကြိုးစားသူ၊ ကျန်းမာရေးကောင်းမွန်သူ ၊ အမြင့်မကြောက်သူဖြစ်ဖို့ လိုပါတယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။Assistant Procurement Manager
လစာ ၆ သိန်းကနေ ၈ သိန်းကြား ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး supply chain operations စီမံခန့်ခွဲမှုပိုင်းမှာ အတွေ့အကြုံ ၅နှစ်ရှိသူဖြစ်ပြီး ခေါင်းဆောင်နိုင်သူ ၊ စီမံခန့်ခွဲနိုင်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကားကောင်းမွန်သူဖြစ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သူ Professionalဆန်ဆန် လုပ်ကိုင်နိုင်သူဖြစ်ကာ အပြုသဘောဆန်တဲ့ ပြောဆိုဆက်ဆံမှုရှိသူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။