ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
၁။ HR General Manager
HR ပိုင်းဆိုင်ရာတွေကို ကျွမ်းကျင်တတ်မြောက်သူဖြစ်ဖို့ လိုပါတယ်။ လစာ ၈ သိန်းကနေ ၁၀ သိန်း ထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်မှာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၅နှစ်ကနေ ၈နှစ်အတွင်းရှိရပါမယ်။ အသက် ၃၅နှစ်အထက်ရှိဖို့လိုပြီး ခေါင်းဆောင်နိုင်စွမ်းရှိသူဖြစ်ပြီး စကားပြောကောင်းမွန်ပြေပြစ်သူဖြစ်ရပါမယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။Business Development officer
လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာဘွဲ့ရများလျှောက်ထားနိုင်ပြီး Business administration နဲ့ Sales and Marketing ပိုင်း ကျောင်းဆင်းသူတွေလည်း လျှောက်ထားနိုင်ပါတယ်။ Banking ပိုင်းနဲ့ Financial Services Industry ပိုင်းတွေမှာလည်း IT ဗဟုသုတ အတော်အတန်ပြည့်စုံ နားလည်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ ၊ စကားပြောပြေပြစ်သူ ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရပါမယ်။ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၃။ Assistant Regional Sales Manager
လစာ ၁၅ သိန်းကနေ သိန်း ၂၀ ထိ ရရှိနိုင်တဲ့အပြင် ကော်မရှင်ခတွေပါ ထပ်ဆောင်းရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး Sales & Marketing Management ပိုင်းမှာ Diploma ရရှိထားသူဖြစ်ရပါမယ်။ အသက် (၃၀)နှစ် အထက်ရှိသူဖြစ်ဖို့ လိုပြီး Sales & Marketing ပိုင်းမှာ အတွေ့အကြုံ ၄နှစ် အနည်းဆုံးရှိရပါမယ်။ ဖိအားတွေအောက် အလုပ်လုပ်နိုင်သူ ၊ ပြဿနာတွေကို သေချာကိုင်တွယ်ဖြေရှင်းနိုင်သူ ၊ စကားပြောပြေပြစ်သူ ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ ကွန်ပျူတာကို ကောင်းကောင်း အသုံးချတတ်သူဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
franchising.com
၄။ Sales Consultant
လစာ ၄သိန်းကနေ ၆သိန်းထိ ရရှနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး sales ဒါမှမဟုတ် marketing ပိုင်းမှာ အတွေ့အကြုံ အနည်းဆုံး ၄နှစ် ရှိဖို့ လိုပါတယ်။ အင်္ဂလိပ်စကားကောင်းကောင်း ပြောဆိုနိုင်ပြီး computer skills (Microsoft Office, Internet နဲ့ Email) ကိုလည်း ကောင်းကောင်း အသုံးပြုတတ်ရပါမယ်။ စကားပြောပြေပြစ်သူ၊ ညှိနှိုင်းဆွေးနွေးတတ်သူ ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။Assistant Channel Development Manager
လစာ ၆ သိန်းကနေ ၈ သိန်းကြား ရရှိနိုင်တဲ့ မန္တလေးက လုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပြီး Sales and Distribution Management မှာ အတွေ့အကြုံရှိသူဖြစ်ပြီး ခေါင်းဆောင်နိုင်သူ ၊ စီမံခန့်ခွဲနိုင်သူဖြစ်ရပါမယ်။ အင်္ဂလိပ်ဘာသာစကားကောင်းမွန်သူဖြစ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သူ Professionalဆန်ဆန် လုပ်ကိုင်နိုင်သူဖြစ်ကာ အပြုသဘောဆန်တဲ့ ပြောဆိုဆက်ဆံမှုရှိသူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။