In partnership with  logo
လစာကောင်းကောင်း ရာထူးမြင့်မြင့် အလုပ်ကို ရှာနေသူတွေအတွက် ‌စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။ Sr. Accountant

လစာ ၆ သိန်းကနေ ၈ သိန်း ထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ B. Com ဘွဲ့ရ သို့မဟုတ် LCCI level 3 ထိရှိသူများ လျှောက်ထားနိုင်ပြီး financial reporting ပိုင်းမှာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၂ နှစ်ကနေ ၃နှစ်ရှိရပါမယ်။ ဖုန်းနဲ့ စကားပြောဆိုဆက်သွယ်ရာမှာ ကောင်းမွန်သူ ၊ ကွန်ပျူတာ ကောင်းကောင်း အသုံးပြုတတ်သူ၊ ဖိအားတွေအောက် အလုပ်လုပ်နိုင်သူ၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိသူ ၊  စကားပြောပြေပြစ်သူဖြစ်ရပါမယ်။  စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။HSE Department Assistant

လစာ ၈ သိန်းကနေ ၁၀ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ထိန်းသိမ်းရေး နဲ့ ပတ်သက်တဲ့ ကျောင်းဆင်းများ လျှောက်ထားနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအေဂျင်စီတွေရဲ့ အကြီးတန်းအင်ဂျင်နီယာတွေလည်း လျှောက်ထားလို့ ရပါတယ်။ မြန်မာနိုင်ငံရဲ့  သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ဘေးကင်းရေး ဥပဒေတွေ၊  စည်းမျဉ်းတွေကို ရင်းနှီးကျွမ်းဝင်သူ ဖြစ်ဖို့ လိုပါတယ်။ တရုတ်ဘာသာစကားပြောဆိုတတ်သူဖြစ်ရပါမယ်။ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။Engineering Department Secretary

လစာ ၈ သိန်းကနေ ၁၀  သိန်းထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ အသက် ၃၀နှစ်အောက် ဘွဲ့ရများလျှောက်ထားနိုင်ပါတယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်နိုင်သူ ၊ အချိန်ပိုဆင်းနိုင်သူဖြစ်ရပါမယ်။  အင်္ဂလိပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကားကို ကျွမ်းကျင်စွပြောဆိုနိုင်သူ ဖြစ်ရပါမယ်။ ကျောက်ဖြူကို ခရီးသွားနိုင်သူဖြစ်ရပါမယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ  မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။ Business Associate

လစာ ၈သိန်းကနေ ၁၀သိန်း ထိ ရရှနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကားကို အရေး ၊ အဖတ် ၊ အပြော ကျွမ်းကျင်သူဖြစ်ရပါမယ်။ Finance ဒါမှမဟုတ် Business ဒါမှမဟုတ် contract management ဒါမှမဟုတ် ဉပဒေ စတဲ့ ဆက်စပ်ဘွဲ့ရရှိထားသူဖြစ်ရင် ပိုကောင်းပါတယ်။ Microsoft Office applications တွေကိုလည်း ကောင်းစွာ အသုံးပြုတတ်သူဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။Accountant

လစာ ၈သိန်းကနေ ၁၀ သိန်းအထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ Accounting ပိုင်း ဒါမှမဟုတ် အခွန်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရပါမယ်။ လုပ်ငန်းအတွေ့အကြုံ မရှိသေးသူတွေလည်း လျှောက်ထားနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကား နဲ့ တရုတ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ဖို့ လိုပါတယ်။ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ကို အလုပ်ကိစ္စခရီးထွက်နိုင်သူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က