In partnership with  logo
အလုပ်အကိုင်များစုစည်းထုတ်နှုတ်ထားပါသည်။

ဒီတစ်ပတ်အတွင်း ကုမ္ပဏီတွေက‌နေ ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေထဲက လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို ကလစ်တစ်ချက်နှိပ်ပြီး လျှောက်ထားနိုင်အောင်လို့ လင့်ခ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။



၁။  Marketing Manager (F&B Industry) 

လစာ ၆ သိန်းကနေ ၈ သိန်း ထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး Sales and Marketing ပိုင်းမှာ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၅နှစ်ရှိရပါမယ်။ Marketing Plan ကောင်းကောင်းရေးဆွဲနိုင်သူ၊  Sales Team နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်သူ ၊ အင်္ဂလိပ်ဘာသာစကားကောင်းမွန်သူ ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူ၊ စကားပြောပြေပြစ်သူဖြစ်ရပါမယ်။  စိတ်ဝင်စားသူတွေအနေနဲ့ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်တယ်၊ အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။

၂။System Engineer

လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ system developing နဲ့ problems solving ပိုင်းကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်သူ၊ အသင်းအဖွဲနဲ့ အလုပ်လုပ်နိုင်သူ၊ စိန်ခေါ်မှုတွေကို နှစ်သက်သူ၊ ပြောဆိုဆက်ဆံမှု အားကောင်းသူများလျှောက်ထားနိုင်ပါတယ်။ System Development ပိုင်းမှာ ၂ နှစ်နဲ့ အထက် အတွေ့အကြုံရှိဖို့ လိုပါတယ်။ ဂျပန်ဘာသာစကားကို N4 နဲ့အထက်ရှိရပါမယ်။ 

လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၃။ Chinese Translator 

လစာ ၆ သိန်းကနေ ၈ သိန်းထိ ရရှိနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ မြန်မာဘာသာကနေ အင်္ဂလိဘာသာ၊ မြန်မာဘာသာကနေ တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာပြန်နိုင်သူဖြစ်ရပါမယ်။ Business documents တွေကိုလည်း ရှင်းလင်းစွာ ဘာသာပြန်ဆိုနိုင်သူဖြစ်ရပါမယ်။ တရုတ်ဘာသာစကား နဲ့ intermediate English level ကို  4 skills ရရှိသူဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး လျှောက်ထားလိုတယ်ဆိုရင်တော့ ဒီနေရာ  မှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။ 

franchising.com

၄။ National Sales Manager 

လစာUSD 1500 - 2500 ထိ ရရှနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။ NGOဘက်မှာ sales and management အတွေ့အကြုံ ၇နှစ်အထက် ရှိရပါမယ်။  sales and distribution ပိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံကောင်းကောင်းလိုသလို sales data တွေကိုလည်း analyst  ကောင်းကောင်းလုပ်တတ်ဖို့ လိုပါတယ်။ အလုပ်အပေါ် အာရုံစူးစိုက်မှုအပြည့်ထားတတ်သူဖြစ်ပြီး စကားပြောပြေပြစ်သူ၊ ညှိနှိုင်းဆွေးနွေးတတ်သူ ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ 

၅။Operation Team Leader 

Production Supervisor ဒါမှမဟုတ်  Operation Team Leader အဖြစ် ၅နှစ်ကနေ ၇နှစ်အတွင်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရပါမယ်။ multinational consumer manufacturing ပိုင်းမှာတော့ ၁နှစ်ကနေ ၃ နှစ်အတွင်း အတွေ့အကြုံရှိသူဖြစ်ဖို့ လိုပါတယ်။ Engineering in Chemicalပိုင်း ၊  Industrial ပိုင်း ၊ Mechanical ပိုင်း ၊  Electrical ပိုင်းတွေမှာ ဘွဲ့ရရှိသူ ဒါမှမဟုတ် ဆက်စပ်နယ်ပယ်မှာ ဘွဲ့ရရှိသူများလျှောက်ထားနိုင်ပါတယ်။ ခေါင်းဆောင်နိုင်သူ ၊ စီမံခန့်ခွဲနိုင်သူ၊ အင်္ဂလိပ်ဘာသာစကားကောင်းမွန်သူ၊ ပြဿနာများကို ဖြေရှင်းနိုင်သူ ၊ Professionalဆန်ဆန် လုပ်ကိုင်နိုင်သူဖြစ်ကာ အပြုသဘောဆန်တဲ့ ပြောဆိုဆက်ဆံမှုရှိသူဖြစ်ရပါမယ်။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။

တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်

အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။

MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digital CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။

image

မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 

Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ 



Share

Loading Next Article...
က္က