ပေါ့ဘာရဲ့စာချုပ်သစ်ကိစ္စအတွက် ယူနိုက်တက်က နောက်ဆုံးရက်သတ်မှတ်လိုက်တာပါ။

ယူနိုက်တက်ဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် နောက်ဆုံးရက်ကို ခရစ္စမတ်ကာလလို့ သတ်မှတ်လိုက်ပါတယ်။ ယူနိုက်တက်နဲ့ပေါ့ဘာတို့အကြား စာချုပ်သက်တမ်းက နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေပြီး လက်ရှိအချိန်အထိ စာချုပ်သစ်အတွက် တစ်စုံတစ်ရာ သဘောတူညီမှုမရရှိသေးပါဘူး။



ယူနိုက်တက်က ပေါ့ဘာကို အသင်းမှာဆက်ထိန်းထားဖို့ အမြဲတမ်းဆန္ဒရှိခဲ့ပေမယ့် ကစားသမားရဲ့ဆန္ဒက တည်ငြိမ်မှုမရှိဘဲ အသင်းမှာဆက်နေဖို့ သတင်းတွေထွက်လိုက်၊ အသင်းကထွက်ခွာဖို့ သတင်းတွေထွက်လိုက်နဲ့ဖြစ်နေခဲ့တာပါ။ အေးဂျင့်ရွိုင်အိုလာကလည်း ပေါ့ဘာကိစ္စမှာ မကြာခဏဆိုသလို ယူနိုက်တက် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောဆိုလေ့ရှိပြီး လက်ရှိအချိန်မှာတော့ ပေါ့ဘာနဲ့ပတ်သက်လို့ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

အသက် (၂၈) နှစ်အရွယ် ပေါ့ဘာအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းရရှိမှာဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုရင်တော့ လာမယ့်ဇန်နဝါရီမှာတင် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိအောင် ကြိုးစားရောင်းချသွားဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း ပေါ့ဘာအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သစ်မချုပ်ခဲ့ဘူးဆိုရင် ဆောင်းရာသီအပြောင်းအရွှေ့မှာတင် အခြားသောအသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုယူနိုင်မှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဘာကို ပထမအကြိမ် လက်လွှတ်ခဲ့တုန်းကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာပါ။

နည်းပြဟောင်း မော်ရင်ဟိုလက်ထက် (၂၀၁၆) မှာ ပြန်လည်ခေါ်ယူခဲ့ချိန်ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပေးချေခဲ့ရပြီး ဒီတစ်ကြိမ်မှာ ဒီလိုထပ်မဖြစ်အောင် ယူနိုက်တက်တာဝန်ရှိသူတွေက ကြိုးစားနေကြတာပါ။ ဒါပေမယ့်လည်း ပေါ့ဘာသာ စာချုုပ်သစ်မချုပ်ဆိုခဲ့ဘူးဆိုရင်တော့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချနိုင်မယ့် အခွင့်အလမ်းက အလွန်နည်းပါးနေတယ်လို့ဆိုရမှာပါ။

ပေါ့ဘာကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်၊ PSG နဲ့ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေပြီး ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့က ပေါ့ဘာကို ခေါ်ယူနိုင်ခြေအရှိဆုံးလို့ဆိုနိုင်ပါတယ်။ 

Share

က္က