ရပ်ကွက်ထဲမှာဖွင့်ထားတဲ့ဆိုင်လေးမို့အများစားနိုင်ဖို့ရည်ရွယ်တာပါ။

မာလာရှမ်းကော၊မာလာဟင်းစားရတာကြိုက်သူတွေအတွက် စျေးသက်သာပြီး အရသာကောင်းတဲ့ ဘတ်ဂျတ်မာလာရှမ်းကောဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။



အမြတ်နဲနဲနဲ့များများရောင်းပေးချင်

ပဲခူးသူမာလာဟင်းနဲ့ မာလာရှမ်းကောဆိုင်လေးကတော့ အသီးအရွက်အမယ်စုံ(၁၂)မျိုးလောက်ပါ တဲ့မာလာရှမ်းကောတစ်ပွဲကို ၃၅၀၀ကျပ်နဲ့ရောင်းချပေးတဲ့ ဘတ်ဂျတ်ဆိုင်လေးပါ။ရပ်ကွက်ထဲမှာ ဖွင့်ထားတဲ့ဆိုင်လေးမို့ အများစုစားနိုင်ဖို့ရည်ရွယ်ပြီး သက်သာတဲ့စျေးနှုန်းရောင်းပေးတဲ့ဆိုင်လေး ဖြစ်ပါတယ်။ဒီလိုစျေးတန်တဲ့ဆိုင်လေးမို့ ဆိုင်နေရာ အပြောင်းအလဲရှိတိုင်းလည်းစားသုံးသူတွေ ကလိုက်ရှာပြီးစားကြတဲ့အထိဖောက်သည်အခိုင်အမာနဲ့ဆိုင်ဖြစ်ပါတယ်။

“ မာလာဟင်းဆို၃၀၀၀၊မ ာလာရှမ်းကောဆို ၃၅၀၀ပါ။ အသီးအရွက်ကစုံနေအောင်ထည့်တယ် ၁၂မျိုးလောက်အနဲ ဆုံးပါတယ်။ကိုယ့်ရပ်ကွက်ထဲကလူတိုင်း စားနိုင်အောင် စျေးကိုအသက်သာဆုံးထားရောင်းတယ်။ အမြတ်နဲပေမယ့်လည်း များများရောင် းရရင် ကိုယ့်အတွက်အဆင်ပြေပါတယ်လို့ “ ဆိုင် ရှင် မခင်သန္တာအောင်ကပြောပါတယ်။

တစ်ပွဲတစ်ထောင်နဲ့စခဲ့တဲ့ဆိုင်လေး

ဒီဆိုင်လေးက ဆိုင်သက်တမ်း၃နှစ်၀န်းကျင်ရှိပြီဖြစ်ပါတယ်။ အခုလိုဆိုင်ကြီးဖြစ်မလာခင်က ထုံချိုင်းအကင်ကြော်ဆိုင်သေးသေးလေးအရင်စဖွင့်ခဲ့တာပါ။

“စျေးစရောင်းတုန်းက ထုံချိုင်းအကင်ကြော်ကနေစခဲ့တာ။အဲ့ကနေမှ အကင်သုပ်လေးရောင်းပြီး နောက်ပိုင်းကြ မာလာရှမ်းကောတို့၊မာလာဟင်းတို့ပါလုပ်ရောင်းဖြစ်တာ။မာလာရှမ်းကော စရောင်းတုန်းကဆိုတစ်ပွဲတစ်ထောင်နဲ့ရောင်းခဲ့တာ”လို့ မခင်သန္တာအောင်ကပြောပြပါတယ်။

မိသားစုလုပ်ငန်းလေးဖြစ်လာ
ဒီလိုထုံချိုင်းအကင်ကြော်ဆိုင်သေးသေးလေးကနေစခဲ့တဲ့ဆိုင်ကအခုတော့ တစ်ရက်ကို ၃သိန်း၊၄သိန်းဖိုးရောင်းအားရှိတဲ့မိသားစုလုပ်ငန်းလေးဖြစ်‌လာပါတယ်။ခင်ပွန်းဖြစ်သူဆုံ းပါးသွားချိန်မှာ ဒီဆိုင်ကြောင့်သာ အဆင်ပြေပြေရပ်တည်နိုင်ခဲ့တာလို့လည်း မခင်သန္တာအောင်ကပြောပြပါတယ်။
စျေးတန်လို့တကူးတကလာရှာစားကြ

စားသုံးသူတွေရဲ့ ညွှန်းဆိုပေးမှုတွေကြောင့် ရပ်ကွက်ထဲက ဖောက်သည်တွေအပြင် တခြားမြို့နယ် တွေကစားသုံးသူတွေကပါ တကူးတကလာရှာစားကြပါတယ်။အဓိကကတော့ စျေးတန်ပြီး အရသာကောင်းတာကြောင့်ပါ။

“အမတို့ဆိုင်လေးက ရပ်ကွက်အတွင်းထဲမှာဖွင့်ထားပေမယ့် တကူးတကမေးပြီးလာ ရှာစားကြတယ်။မာလာရှမ်းကော ၃၅၀၀တစ်ပွဲဆို နှစ်‌‌‌ယောက်လောက်စားလို့ရတော့ စားသုံးသူတွေကသဘောကြကြတယ်။ရပ်ကွက်အတွင်းကဖောက်သည်တွေအပြင်တခြားမြို့နယ်တွေကဖောက်သည်သစ်တွေပါတိုးလာတယ်”လို့ မခင်သန္တာအောင်ကပြောပါတယ်။

ဒီဆိုင်မှာဘာတွေရလဲဆိုတော့ 

အသီးအရွက် ၁၂မျိုး ပါတဲ့‌‌မာလာရှမ်းကောတစ်ပွဲကို(၃၅၀၀)ကျပ်ပါ။ဒီထဲကိုနှစ်သက်ရာ အသားတွေ ထပ်ပေါင်းထည့်ချင်ရင်လည်း ဈေးနှုန်း အလိုက်ထပ်မံ‌‌ေရွးချယ်လို့ရပါတယ်။ မာလာဟင်းတစ်ပွဲကို၃၀၀၀၊မာလာမောက်ချိုက်တစ်ပွဲကိုတော့ ၅၀၀၀ကနေစပါတယ်။ ကြာဇံချက်လည်းရပါတယ်။

ဆိုင်လိပ်စာ

ပဲခူးသူမာလာဟင်းနဲ့မာလာရှမ်းကောဆိုင်ရဲ့လိပ်စာကတော့ မရမ်းကုန်းမြို့နယ်၊သမိုင်း(၁)ရပ်ကွက် ၂လမ်းသွယ်၁မှာပါ။ ဆိုင်ဖွင့်ချိန်က နေ့လည်၂နာရီကနေ ည၁၀နာရီထိဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

က္က