မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူးကို အိုးထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဟာလန်းရဲ့စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းကို ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

အဲဒီသတင်းကို ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဂိုးသွင်းနှုန်းကောင်းတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အဆင့်သင့်ဖြစ်နေပြီလို့ ဖော်ပြခဲ့တဲ့ Sport Witness ရဲ့ သတင်းကို ကိုးကားပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲပါဝင်ကစားပေးထားရာမှာ ၁၉ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်ထားခြင်း ခံခဲ့ရတဲ့ကစားသမားလည်း ဖြစ်ပါတယ်။



ယခုအပတ်အစောပိုင်းတုန်းက Manchester Evening News ရဲ့ သတင်းအရ အာလင်း ဟာလန်းဟာ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်က အိုးထရက်ဖို့ဒ်ကို အရခေါ်ယူဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့ ကစားသမားဖြစ်တယ်လို့ သိရပါတယ်။ ဟာလန်းရဲ့ စာချုပ်ထဲက စာချုပ်လျော်ကြေးယူရို ၇၅ သန်းဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ အသက်ဝင်လာတော့မှာဖြစ်တာကြောင့် ဥရောပတလွှားက ထိပ်တန်းအသင်းကြီးတွေအားလုံးက အဲဒါကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲဟာ ဥရောပရဲ့ အင်အားအကြီးမားဆုံးအသင်းတွေ အများအပြား ပါဝင်နေတာကြောင့် ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတိုင်းအတွက် ပန်းခင်းလမ်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမတိုင်မီ တိုက်စစ်မှူးအသစ် ခေါ်ယူချင်နေပြီး လာမယ့် နှစ်တွေမှာ သွင်းဂိုးတွေ ပိုမိုရရှိလာအောင် ရေရှည်စီမံကိန်းအတွက် ဟာလန်းက အသင့်တော်ဆုံး ကစားသမားအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာအကောင်းဆုံး ပါရမီရှင်တွေထဲက တစ်ဦးလို့ ယူဆခြင်းခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဒေ့ါမွန်ကို ပြောင်းရွှေ့ပြီးကတည်းက ၇၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၇၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က