နယူးကာဆယ်တို့ (၃) ပွဲဆက် ရှုံးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ နယူးကာဆယ်တို့ရဲ့ပွဲမှာ အိမ်ရှင်ဘရိုက်တန်က နယူးကာဆယ်ကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘရိုက်တန်အတွက် သွင်းဂိုးအားလုံးကို အီဗန်ဖာဂူဆန်က ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။



နယူးကာဆယ်အတွက် နှစ်သိမ့်ဂိုးကိုတော့ ကော်လမ်ဝီလ်ဆင်က ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်တို့ ဒီရာသီ ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ (၃) ပွဲအထိ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ရာသီအဖွင့်မှာ အက်စတွန်ဗီလာကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ မန်စီးတီး၊ လီဗာပူးနဲ့ အခု ဘရိုက်တန်တို့နဲ့ပွဲတွေမှာ ဆက်တိုက်ကို ရှုံးပွဲကြုံတွေ့ခဲ့ပြီး အသင်းအတွက် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့တာပါ။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးမှ ရှုံးပွဲ (၅) ပွဲသာ ရှိခဲ့ပြီး အခုချိန်မှာတော့ (၄) ပွဲကစားပြီးချိန်မှာတင် (၃) ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီးဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ပါဝင်ကစားခွင့်ရရှိထားပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းကြီးတစ်သင်းဖြစ်လာဖို့အထိ သတ်မှတ်ခံခဲ့ရတဲ့အသင်းပါ။

အခု ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နယူးကာဆယ်တို့ အေစီမီလန်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ကာ မရဏအုပ်စုထဲ ရုန်းကန်ရတော့မှာဖြစ်သလို ပရီးမီးယားလိဂ်ရာသီအစောပိုင်းမှာလည်း ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီလည်း ဖြစ်ပါတယ်။  

Share

Loading Next Article...
က္က