သရေရလဒ်ကြောင့် အိပ်တောင်ပျော်ဖို့ ခက်တော့မယ်လို့ ညည်းတွားခဲ့ပါသေးတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ဆီဗီလာအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လူတွေ လိုချင်ကြတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ယုံကြည်နေပေမယ့် နောက်ထပ်ရမှတ်တွေ လျော့နေသေးတာကိုတော့ စိတ်ပျက်နေတာဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ အင်္ဂါနေ့ညက ပွဲစဉ်မှာ သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နေရဆဲဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း ၂ မှတ် ကွာဟနေဆဲဖြစ်ပြီး ဇာဗီ နူးကမ့်ကို ပြန်လာခဲ့တဲ့အချိန်ကတည်းက ၎င်းရဲ့စီမံကိန်းဟာ အကောင်းအဆိုးရောထွေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာဗီဟာ ဘောလုံးပိုင်ဆိုင်မှု အခြေခံတဲ့ကစားကွက်၊ အရင်တုန်းကလို လူငယ် ဗဟိုပြုတဲ့ ကစားပုံတို့ကို ပြန်လည်ယူဆောင်နိုင်ဖို့ ကြိုးပမ်းမှုဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေပြီဖြစ်ပြီး စပိန်လူမျိုးနည်းပြက ၎င်းရဲ့ စီမံကိန်းပုံကြမ်းဟာ ပရိသတ်တွေရဲ့ လက်ခံမှုကို စတင်ရရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။



ဒါ့အပြင် ဇာဗီက လာလီဂါအမှတ်ပေးဇယား အပေါ်ကို ပြန်လည်တက်ရောက်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တဲ့အတွက် ခြောက်လှန့်ခြင်းခံနေရမှာဖြစ်တာကြောင့် အိပ်ပျော်ဖို့ကို ရုန်းကန်ရလိမ့်မယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ "အဲဒါက ချိုမြိန်တဲ့ အာရုံခံစားမှုပါ။ ကျွန်တော်တို့ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ်ဆိုတာကတော့ သိသာပါတယ်"

"ကျွန်တော်တို့ ရမှတ်တစ်မှတ်ပဲ ရရှိခဲ့ပေမယ့် ကျွန်တော်တို့ စိတ်ရှည်သည်းခံရပါမယ်။ ကျွန်တော်တို့ ဒီပုံစံအပေါ်မှာ အခိုင်အမာ ဆက်လက်ရပ်တည်သွားရမှာဖြစ်ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် မယူနိုင်ခဲ့တာကတော့ နှမြောစရာပဲ။ အနိုင်မရတာကို လက်ခံဖို့ ခက်ပါတယ်။ အဲဒါက ကျွန်တော့်ကို အိပ်ပျော်ဖို့ ခက်ခဲလာအောင် လုပ်တော့မှာပါ။ ကျွန်တော်တို့ အနိုင်ရခဲ့သင့်တယ်လို့ ထင်ပါတယ်"

"ဆီဗီလာက အရမ်းအတွေ့အကြုံရှိပြီး အရမ်းကောင်းတဲ့ နည်းဗျူဟာကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော် ဒီပွဲမှာတော့ စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကျွန်တော် ပြန်ကြည့်ပြီး ငါတို့ ကောင်းကောင်း ကစားနိုင်ခဲ့သားပဲလို့ တွေးမိမှာပါ။ လူစားဝင်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်း အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက လူတွေ လိုချင်နေကြတဲ့ ဘာစီလိုနာလို့ ကျွန်တော် ထင်ပါတယ်။ ရလဒ်က ခင်ဗျားကို အားလုံးပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းမွန်တဲ့အခိုက်အတန့်အချို့ကို ခံစားခဲ့ရပြီး အသင်းက အရမ်းကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က