တာဟစ်ချောင်နဲ့ အတွေ့မှာ ဖြစ်ပွားခဲ့တာပါ။

ချဲလ်ဆီးတို့ အသစ်ခေါ်ယူထားတဲ့ ပေါင် (၁၁၅) သန်းတန် ကိုင်စီဒိုရဲ့အဖြစ်ကြောင့် ချဲလ်ဆီး ပရိသတ်တွေ လူတန်တောင်းနဲ့ပွဲမှာ ရင်ခုန်ခဲ့ရပါသေးတယ်။ ဒီပွဲမှာ ချဲလ်ဆီးက လူတန်တောင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကိုင်စီဒိုရဲ့ အဖြစ်ကတော့ ဒီပွဲရဲ့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်အဖြစ် ပရိသတ်တွေက သတ်မှတ်ထားပါတယ်။



ကိုင်စီဒိုဟာ ဒီပွဲမှာ ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ကို ပါဝင်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းအရလည်း ကောင်းမွန်တဲ့ အနေအထားကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုင်စီဒိုက ဒီပွဲမှာ ဘောလုံးဆွဲလာရင်း လူတန်တောင်းကစားသမား တာဟစ်ချောင်နဲ့ ရင်ဆိုင်အတွေ့မှာ ဟာသဆန်ဆန် ချော်လဲသွားခဲ့တာပါ။


ပရိသတ်တွေကတော့ ကိုင်စီဒိုကို သရဲတစ်ကောင်က ဖျက်ထုတ်လိုက်တယ်လို့ နောက်ပြောင်နေကြပါတယ်။ ကိုင်စီဒို ချော်လဲခဲ့တာကြောင့် တာဟစ်ချောင်က ဘောလုံးရရှိသွားခဲ့ပြီး လူတန်တောင်းတို့ ချဲလ်ဆီးဘက်ကို ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဘက်ကို ကြီးကြီးမားမား အန္တရာယ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးတို့ စတာလင်ရဲ့ သွင်းဂိုးရရှိသွားခဲ့တာကြောင့်လည်း ကိုင်စီဒိုရဲ့ အဖြစ်က ရယ်စရာတစ်ခုအနေနဲ့သာ ပြီးသွားခဲ့ပြီး ဝေဖန်စရာမဖြစ်ခဲ့တာပါ။ ချဲလ်ဆီးဟာ ဒီပွဲမှာ စတာလင်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ နီကိုးလပ်စ်ဂျက်ဆင်ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကိုင်စီဒိုဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်လာပြီး ပြိုင်ဘက် ကစားသမားကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ရင်း ပင်နယ်တီပေးခဲ့ရသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူက ခြေစွမ်းကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး ပရိသတ်တွေအတွက်လည်း ရယ်စရာဖြစ်အောင် ဖျော်ဖြေသွားခဲ့တာပါ။ 

Share

Loading Next Article...
က္က