နာရေးလိုက်ပို့မယ်သူ့တွေက နာရေးမြေမချခင် မဏ္ဍပ်ထဲထိုင်နေရာက နှစ်(၈၀)၊ (၁၀၀)လောက်ရှိတဲ့ ကုက္ကိုပင်ကြီးကလဲကျပြီး မဏ္ဍပ်ပေါ်ပိတော့ မဏ္ဍပ်ထဲထိုင်နေတဲ့ သူတွေကို ပိကုန်တာလို့ ကျွဲဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးကပြောပါတယ်။
photo -ဦးအောင်တင်ထွေး
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာမှာစက်တင်ဘာလ (၁၆)ရက်နေ့ မနက်ပိုင်းက ကျေးရွာရဲ့ နာရေးအိမ်မဏ္ဍပ်မှာ ဈာပနာကိုလိုက်ပါပို့ဆောင်မယ့် ကျေးရွာသူ၊ ကျောင်းရွာသားတွေထိုင်နေစဉ်အနီးနားမှာရှိတဲ့ သစ်ပင်လဲကျမှုကြောင့် မဏ္ဍပ်တွင်းထိုင်နေတဲ့ လူ (၁၁)ဦးလောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ မနေ့က မနက်(၁၀)နာရီကျော်လောက်ဖြစ်တာ။ နာရေးလိုက်ပို့မယ်သူ့တွေက နာရေးမြေမချခင်မှာ မဏ္ဍပ်ထဲမှာ ထိုင်နေကြတာ။ မဏ္ဍပ်နားက နှစ်(၈၀)၊ (၁၀၀) လောက်ရှိတဲ့ ကုက္ကိုပင်ကြီးက လဲကျတာ။မဏ္ဍပ်ပေါ်ပိတော့ မဏ္ဍပ်ပြိုပြီး ထိုင်နေတဲ့သူတွေကို ပိကုန်တာ။ (၁၁)ဦးဒဏ်ရာရတယ်။ အဲဒီထဲကမှ ကျား(၂)ဦး၊ မ(၁)ဦး (၃)ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကိုအရေးပေါ်ပြောင်းရွှေ့ပြီးဆေးကုသမှုခံယူနေရတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့ သူ(၈)ဦးကတော့ ဥက္ကံဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်” လို့ ကျွဲဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ထွေးက Duwun ကိုပြောပါတယ်။
photo -ဦးအောင်တင်ထွေး
ဒ်ီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာမြို့နယ် ထွေအုပ်ရုံးကို ဖြစ်စဉ်ဓာတ်ပုံတွေနဲ့တကွ တင်ပြထားတယ်လို့ ဦးအောင်တင်ထွေးကပြောပါတယ်။ နာရေးမြေချမယ့်ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်လို့ နာရေးကိုလည်း အချိန်မီမြေချနိုင်ဖို့ဆောင်ရွက်ခဲ့ရသလို ဒဏ်ရာရတဲ့ သူတွေကိုလည်း အချိန်မီဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ကျွဲဘုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။