အီဂါလိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။

ရှန်ဟိုင်းရှန်ဟွာအသင်းတိုက်စစ်မှူးအီဂါလိုကို ယူနိုက်တက်က အငှားနဲ့ခေါ်ယူခဲ့အပြီးမှာ ဂတ်ဂျွန်ဆင်က ယူနိုက်တက်ရဲ့ ဒီဘက်နှစ်ပိုင်းအခြေအနေတွေအပေါ် သုံးသပ်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။


ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်းဂတ်ဂျွန်ဆင်က ထိပ်တန်းတိုက်စစ်မှူးတွေအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုခြင်းမရှိတော့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ရှန်ဟိုင်းရှန်ဟွာအသင်းတိုက်စစ်မှူးအီဂါလိုကို ယူနိုက်တက်က အငှားနဲ့ခေါ်ယူခဲ့အပြီးမှာ ဂတ်ဂျွန်ဆင်က ယူနိုက်တက်ရဲ့ ဒီဘက်နှစ်ပိုင်းအခြေအနေတွေအပေါ် သုံးသပ်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အီဂါလိုကို အငှားနဲ့ခေါ်ယူခဲ့ပြီး ဒီခေါ်ယူမှုက အနည်းငယ်အံ့အားသင့်စရာအဖြစ်တော့ ရှိခဲ့ပါတယ်။ Profile ပိုမိုမြင့်မားတဲ့ တိုက်စစ်မှူးတွေကို စျေးကွက်အတွင်းမှာ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားခဲ့ပေမယ့်လည်း အီဂါလိုကိုသာ ရယူနိုင်ခဲ့တဲ့ အခြေအနေက ယူနိုက်တက်ရဲ့ ပုံရိပ်ကျဆင်းလာမှုကို မီးမောင်းထိုးပြနေတယ်လို့ ဂတ်ဂျွန်ဆင်က ယူဆနေတာဖြစ်ပါတယ်။ 

"ဒီရာသီမှာဆိုရင် အီဂါလို ပြန်ရောက်ရှိလာတဲ့ အပြောင်းအရွှေ့တောင်ဖြစ်လာခဲ့ပါတယ်၊ ဘယ်တိုက်စစ်မှူးကောင်းကိုမှ သူတို့ခေါ်ယူနိုင်ဖို့ရှိတယ်လို့ ကျွန်တော်ကတော့ မထင်ဘူး၊ ထိပ်တန်းတိုက်စစ်မှူးတွေကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေမယ်၊ စိတ်အားထက်သန်နေမယ်လို့လည်း ကျွန်တော်မထင်ပါဘူး" လို့ ဂတ်ဂျွန်ဆင်က Sky Sports ကို ပြောဆိုသွားခဲ့ပါတယ်။ 

ဂတ်ဂျွန်ဆင်ရဲ့ တိုက်စစ်တွဲဖော်တွဲဖက်ဟောင်း ဟယ်ဆယ်ဘိန့်ကလည်း အီဂါလိုဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်တိုက်စစ်မှူးစာရင်းထဲမှာ အောက်ဆုံးအဆင့်မှာသာ ရှိတယ်လို့ ယုံကြည်နေပါတယ်။ "သူက တော်တော်လေးကို ကံကောင်းတဲ့ကစားသမားပါ၊ တရုတ်ကို သူပြောင်းသွားခဲ့ပြီး သူ့ကို နှစ်နှစ်ခွဲလောက် ဘယ်သူကမှ မတွေ့ရတော့ပါဘူး"

"အဲဒီနောက်မှာ သူက ယူနိုက်တက်ကို အငှားနဲ့ပြန်ရောက်လာပါတယ်၊ ၀ိုး... တကယ်ကို မဖြစ်နိုင်တာပါ၊ ဒါက ဘာကိုပြောနေလဲဆိုရင် ယူနိုက်တက်က လီဗာပူးလ်၊ မန်စီးတီးနဲ့ အများကြီးပြတ်ကျန်ခဲ့ပြီဆိုတာပါပဲ၊ ချယ်လ်ဆီးနဲ့လည်း ဖြစ်နိုင်ပါတယ်၊ သူတို့က ကစားသမားတချို့ခေါ်ဖို့ လိုအပ်နေခဲ့ပါတယ်၊ အီဂါလိုက သူတို့ရဲ့ပစ်မှတ်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ သူ့အတွက်အခွင့်အရေးတစ်ခုပါပဲ၊ သူ ဒါကို အသုံးချနိုင်မလား စောင့်ကြည့်ရမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

က္က