စပါးအသင်းအနေနဲ့ ၂ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ တပည့်ဟောင်းလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့့ရ ခြင်းအပြင် လိုအပ်ချက်ရှိနေတဲ့ ပွဲထွက်လူစာရင်းကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ရတယ်လို့ ပွဲအပြီးသတင်းစာရှင်းလ င်းပွဲမှာ ညည်းတွားပြောဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၂ရမတိုင်မီတွင် ချဲလ်ဆီးအသင်းနဲ့စပါးအသင်းအကြား ရမှတ် ၁မှတ်သာကွာနေခဲ့တဲ့အတွ က် ရာသီကုန်မှာချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အသင်းနှစ်သင်းအကြား ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့တာလ ည်း ဖြစ်ပါတယ်။



“ ချဲလ်ဆီးကို ကြည့်လိုက်ပါ။ ဝင်ကစားနေတဲ့သူက ကမ္ဘာ့ချန်ပီယံအသင်းက တိုက်စစ်မှူးဖြစ်သလို အရံခုံမှာလ ည်း အင်္ဂလန်ရဲ့ဒုတိယတိုက်စစ်မှူးရှိနေသလို ဘယ်လ်ဂျီယံရဲ့ ဒုတိယပွဲထွက်တိုက်စစ်မှူးလည်းရှိနေခဲ့တယ်။ စ ပါးအသင်းမှာတော့ တိုက်စစ်အတွက် ကစားသမားရှိမနေခဲ့ဘူး။ ပွဲထဲမှာရော အရံခုံမှာပါရှိမနေခဲ့တာပါ။ ရှိတဲ့ တိုက်စစ်မှူးနှစ်ယောက်ကဆေး ရုံမှာ ကုသမှုခံယူနေရတာ အသိပါပဲ။ ချဲလ်ဆီးကို ခက်ခက်ခဲခဲရင်ဆို င်ခဲ့ရ ပါတယ် ” လို့ စပါးနည်းပြမော်ရင်ဟိုက ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။

နည်းပြမော်ရင်ဟိုအနေနဲ့ တပည့်ဖြစ်သူလမ်းပတ်ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းကို ပထမအကျော့အိမ်ကွင်း မှာ အရေးနိမ့်ခဲ့သလို ဒုတိယအကျော့မှာလည်း ထပ်မံအရေးနိမ့်ခဲ့တဲ့အတွက် မှတ်တမ်းဆိုးတစ်ရပ်ကိုပို်င်ဆိုင် သွားခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ စပါးအသင်းကိုမရင်ဆိုင်မီတွင် ပရီးမီးယားလိဂ် ၄ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အ တွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားအချို့ရှိလာခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ပွဲရရှိခဲ့တဲ့အတွက် အခြေအ နေကောင်းတစ်ရပ်ကို ပြန်လည်ပို်င်ဆိုင်သွားခဲ့ပြီဖြစ်တယ်လို့လည်း thesun က သုံးသပ်ဖော်ပြမှုအချို့ပြုလုပ် သွားခဲ့ပါတယ်။

Share

က္က