လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအ ပြောင်းအ ရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားပြီး မျက်နှာသစ်ကစားသမားမဟုတ်တဲ့ ကစားသမားတစ်ဦး အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာနိုင်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မကြာသေးမီကမှ ခရစ်စမတ်ကာလအပြီးမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ထွက်ခွာပြီးနောက် လိုအပ်နေတဲ့ တိုက်စစ်ကစားသမားကို ခေါ်ယူပေးဖို့ အသင်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက််ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂ ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃ ဂိုး သွင်းယူပေးခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ မာရှယ်ကလည်း ပြီးခဲ့တဲ့နောဝစ်နဲ့ပွဲစဉ်မှာ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝါရင့်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ကို ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ Tutto Mercato Web ရဲ့ ဖော်ပြချက််အရ သိရပြီး အီဘရာဟီမိုဗစ်ဟာ ၂၀၁၉ မေဂျာလိဂ်ရာသီမှာ အယ်လ်အေဂလက်ဆီအသင်းအတွက် သွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


အယ်လ်ဂလက်ဆီအသင်းဟာ အနောက်ပိုင်းဇုန်ဆီမီးဖိုင်နယ်ပွဲစဉ်မွာ အယ်လ်အေအက်ဖ်စီအသင်းကို ၅-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အီဘရာဟီမိုဗစ်က ၎င်းအနေနဲ့ ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ကစားပေးနိုင်တဲ့ ခြေစွမ်းရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ကစားသမားဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့်ဇန်နဝါရီလမှာ ပြန်လည်ခေါ်ယူဖို့အတွက် ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Share

က္က