ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ထုတ်ပြန်တဲ့ မိုးလေဝသသတင်းထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်(၆)ခုမှာ အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာနေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ နေရာကွက်ကျားမိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ကြေညာခဲ့တာပါ။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ သိရပါတယ်။ 

“ မိုးကနေရာတိုင်းတော့မရွာဘူး၊ နေရာကွက်ကျားတို့၊နေရာကျဲကျဲတို့ပဲရွာနိုင်တာပါ။ နေရာကွက်ကျား၊ နေရာကျဲကျဲဆိုတာက တိုင်းတစ်တိုင်းလုံး၊ ပြည်နယ်တစ်ခုလုံးရဲ့ (၅၀)%၊(၂၅)% လောက်ကိုပြောတာ။ ကြီးကြီးမားမားရွာနိုင်တာမျိုးမဟုတ်ပေမယ့် ဒီချိန်ရွာတဲ့ မိုးက ရိတ်သိမ်းပြီးသားသီးနှံတွေ ပျက်ဆီးနိုင်လို့ တောင်သူတွေကို ကြိုတင်အသိပေးတဲ့ သဘောပါ" လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာတော့ နောက်(၂)ရက်အထိ မိုးကြီးနိုင်ပြီး နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးမြို့အနီးတစ်ဝိုက်မှာတော့ ဒီကနေ့ (၂၆)ရက်နေ့ညထိ တိမ်အတင့်အသင့်ဖြစ်ထွန်းနိုင်တယ်လို့ မိုးဇလရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

Share

Loading Next Article...
က္က