ဘင်ချီဝဲလ်တယောက် ကျားနဲ့ဆော့ကစားခဲ့တာပါ။

ချဲလ်ဆီးရဲ့ ဘယ်နောက်ခံလူ ကစားသမား ဘင်ချီဝဲလ်ဟာ တိရစ္ဆာန်ရုံတခုအတွင်းက ကျားလှောင်အိမ်မှာ ကျားနဲ့ သွားကစားခဲ့လို့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုပါ အင်္ဂလန်လူမျိုး နောက်ခံလူဟာ လက်ရှိအချိန်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။



ဒီကစားသမားဟာ Theme ဥယျာဥ်မှာရှိတဲ့ ကျားနဲ့အတူ လွန်ဆွဲတဲ့ကစားနည်း ကစားခဲ့တာဖြစ်ပါတယ်။ ကျားလှောင်အိမ်ထဲက ကျားကလည်း ကြိုးတန်းလိုအရာမျိုးကို ဘင်ချီဝဲလ်ဆီက အတင်းလုယူဖို့ ကြိုးစားခဲ့သလို ဘင်ချီဝဲလ်ကလည်း လှောင်အိမ်အပြင်ဘက်ကနေ အဆိုပါအရာကို ပြန်ဆွဲနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ အခုလိုမျိုး အပြင်ထွက်လည်ချိန်မှာ ဘင်ချီဝဲလ်က အန္တရာယ်များတဲ့လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုဖိုင်ကိုလည်း သူ့ရဲ့ သူငယ်ချင်းတယောက်က ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားပါတယ်။ အဆိုပါပုဂ္ဂိုလ်က “ကျားလည်းနိုင်တယ်၊ ငါတို့လည်းနိုင်တယ်” လို့ ရေးသားထားပါသေးတယ်။

အဆိုပါကျားဟာ စတုံ (၂၀) အလေးချိန်ရှိတဲ့ အဖြူရောင်ကျားတကောင်ဖြစ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ကတော့ ဘင်ချီဝဲလ်ရဲ့ လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ သတင်းရင်းမြစ်က “ဘင်ချီဝဲလ်တို့က ကျားအပေါ် လေးလေးစားစား ဆက်ဆံခဲ့တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ သနားစရာကောင်းတဲ့ သားရဲတိရစ္ဆာန်ကို သူတို့အတွက် ပျော်စရာသပ်သပ်အဖြစ် ဖန်တီးသွားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

 

ဒီဖြစ်ရပ်အပေါ် ချဲလ်ဆီးဘက်ကရော၊ ဘင်ချီဝဲလ်နဲ့ သက်ဆိုင်သူတွေဘက်ကရော မှတ်ချက်တစုံတရာ မပေးသေးပါဘူး။ မကြာခင်ကပဲ ချဲလ်ဆီးနောက်ခံလူဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်း ကစားသမား ဇူးမားဟာ သူ့ရဲ့နေအိမ်မှာ ကြောင်ကို ခြေထောက်နဲ့ ကန်ကျော်နေတဲ့ ဗီဒီယိုတင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေ၊ အရေးယူမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က